Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 10:1

Judson Bible

အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မိ​က္ခာ​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကောင်း​ကင် ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက် လက်​ဝဲ​တော်​ဘက်၌ ရပ်​နေ​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။

ငါ၏​လူ​များ​တို့ နား​ထောင်​ကြ။ ငါ​ပြော​မည်။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​တစ်​ဖက်၌ ငါ​သက်​သေ​ခံ​မည်။ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ သင်၏​ဘု​ရား​သ​ခင်​ဖြစ်၏။

သော​ဒုံ​မြို့​ကို အ​စိုး​ရ​သော​မင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​ကို ကြား​ကြ​လော့။ ဂေါ​မော​ရ​မြို့​သား​တို့၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ တ​ရား​တော်​ကို နား​ထောင်​ကြ​လော့။

သို့​ဖြစ်၍၊ ဆဲ​ရေး​တတ်​သော ယေ​ရု​ရှ​လင်​မြို့​သား အ​ကြီး​အ​ကြပ်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။

သို့​ဖြစ်၍၊ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​နှင့် အ​ဘယ်​မည်​သော ပုံ​သ​ဏ္ဌာန်​တူ​သည်​ဟု ဆို​ရ​အံ့​နည်း။

ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​သော၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သာ​သ​နာ​ပ​လူ​တို့၏​ဘာ​သာ​ဓ​လေ့၌ မ​ကျင်​လည်​ကြ​နှင့်။ သာ​သ​နာ​ပ​လူ​တို့ ထိတ်​လန့်​ကြောက်​တတ်​သော မိုး​ကောင်း​ကင်​နိ​မိတ်​တို့​မှ မ​ထိတ်​လန့် မ​ကြောက်​ကြ​နှင့်။

အို ယာ​ကုပ်​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။

ဒါ​ဝိဒ်​မင်း​ကြီး၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော ယု​ဒ​ရှင်​ဘု​ရင်၊ သင့်​ကိုယ်​တိုင်​မှ​စ၍ သင်၏​ကျွန်​များ​နှင့်၊ ဤ​မြို့​တံ​ခါး​တို့​ဖြင့် ဝင်​သော သင်၏​လူ​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။

ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိ​န့်​တော်​ကို ကြား​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ၀​ရ​ဘု​ရား​မိ​န့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ သွား​ခြင်း​ငှာ ကျပ်​ကျပ် မျက်​နှာ​ပြု​လျက်၊ ထို​ပြည်​သို့ အ​မှန်​သွား၍ တည်း​ခို​လျှင်၊

အဲ​ဂု​တ္တု​လူ၊ ယု​ဒ​လူ၊ ဧ​ဒုံ​လူ၊ အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ ပါး​မုန်း​ကို​ရိတ်​တတ်​သော​လူ​မျိုး၊ တော၌​နေ​သော​သူ​အ​ပေါင်း​တို့​ကို ငါ​ဆုံး​မ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လည်း၊ စိတ်​နှ​လုံး​အား​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်​ကြ၏။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​သူ​ပြည်​သား​တို့​နှင့် တ​ရား​တွေ့​မှု​ရှိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် သ​စ္စာ​မ​ရှိ၊ က​ရု​ဏာ​မ​ရှိ၊ ဘု​ရား​သ​ခင်​ကို မ​သိ​ကြ။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​လော့။ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ပ​ရော​ဖက်​မ​ပြု​နှင့်၊ ဣ​ဇာက်​အ​မျိုး​တစ်​ဖက်၌ မ​မြွက်​နှင့်​ဟု သင်​ဆို​သော်၊

ငါ​တို့​ဟော​ပြော​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို သင်​တို့​သည် ခံ​ယူ​ကြ​သော​အ​ခါ၊ လူ၏​နှုတ်​ထွက်​စ​ကား​ကို မ​ခံ​မ​ယူ​ဘဲ၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော် အ​မှန်​ဖြစ်​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း​သို့​ရောက်​သော သင်​တို့​အ​ထဲ၌ ပြု​ပြင်​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို ခံ​ယူ​ကြ​သည် အ​ကြောင်း​အ​ရာ​ကို ငါ​တို့​သည်ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။-

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ