Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 10:3

Judson Bible

လူ​အ​မျိုး​မျိုး​ကျင့်​သော အ​ကျင့်​ဓ​လေ့​တို့​သည် အ​ချည်း​နှီး​ဖြစ်​ကြ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​တို့​သည် တော၌ သစ်​ပင်​ကို​ခုတ်​လှဲ၍၊ ပု​ဆိန်​နှင့်​လုပ်​တတ်​သော လက်​သ​မား၏ လက်​လုပ်​ရာ​ဖြစ်​သော​အ​ရာ​ကို၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သူ​တို့၏​ရုပ်​တု​များ​မူ​ကား ငွေ​လည်း​ဖြစ်၏။ ရွှေ​လည်း​ဖြစ်၏။ လူ​လက်​ဖြင့် လုပ်​သော​အ​ရာ​ပေ​တည်း။

သင်​တို့​သည် စည်း​ဝေး၍ လာ​ကြ​လော့။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​မှ ဘေး​လွတ်​သော​သူ​တို့၊ စည်း​ဝေး​ကြ​လော့။ မိ​မိ​ထု​လုပ်​သော သစ်​သား​ကို ဆောင်​ရွက်​သော​သူ၊ မ​ကယ်​တင်​နိုင်​သော ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​တို့​သည် ပ​ညာ​မ​ရှိ​ကြ။

ပြည်​သူ​ပြည်​သား​တို့​သည် ငါ့​ကို​စွန့်​သော​အ​ပြစ်၊ အ​ခြား​သော​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့​သော​အ​ပြစ်၊ မိ​မိ​တို့​လက်​ဖြင့် လုပ်​သော​အ​ရာ​ကို ကိုး​ကွယ်​သော​အ​ပြစ် ရှိ​သ​မျှ​တို့​ကြောင့်၊ သူ​တို့​ကို​ငါ​စစ်​ကြော၍၊ အ​ပြစ်​နှင့်​အ​လျောက် စီ​ရင်​မည်။

သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း တိ​ရ​စ္ဆာန်​သ​ဘော​နှင့် မိုက်​သော​သ​ဘော​ရှိ​ကြ၏။ သစ်​သား​သော်​လည်း မိုက်​သော​အ​ယူ​ကို ဆုံး​မ​တတ်၏။

သာ​သ​နာ​ပ​လူ​တို့ ကိုး​ကွယ်​သော ရုပ်​တု​ဆင်း​တု​တို့​တွင်၊ မိုး​ရွာ​စေ​နိုင်​သော​သူ​ရှိ​ပါ​သ​လော။ မိုး​သည် အ​လို​လို ရွာ​နိုင်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သာ​လျှင်​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍၊ ကိုယ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ​မည်။ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။

အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​ရဲ​တိုက်၊ အ​မှု​ရောက်​သော​နေ့၌ အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ တစ်​ပါး​အ​မျိုး​သား​တို့​က၊ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့ ဘိုး​ဘေး​တို့​သည် မု​သား၊ အ​န​တ္တ၊ အ​ချည်း​နှီး​သော အ​ရာ​တို့​ကို အ​မွေ​ခံ​ကြ​ပါ​ပြီ​ဟု၊ မြေ​ကြီး​စွန်း​မှ ကိုယ်​တော်​ထံ​သို့ လာ၍ လျှောက်​ကြ​ပါ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ထံ​မှ​ဝေး​စွာ​ထွက်​သွား၍၊ အ​န​တ္တ​လမ်း​သို့​လိုက်​လျက်၊ အ​န​တ္တ​သက်​သက် ဖြစ်​ရ​မည်​အ​ကြောင်း၊ ငါ၌​အ​ဘယ်​မည်​သော​အ​ပြစ်​ကို တွေ့​ကြ​သ​နည်း။

သို့​ဖြစ်၍ သင်​တို့​ရှေ့၌​ပြု​ဖူး​သော ထို​ရွံ​ရှာ​ဖွယ်​ထုံး​စံ​ဓ​လေ့​သို့ သင်​တို့​သည်​လိုက်၍၊ ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ငါ့​ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု မိန့်​တော်​မူ၏။

သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သာ​သ​နာ​ပ​လူ​နည်း​တူ အ​ချည်း​နှီး​သော​စ​ကား​ဖြင့် အ​ထပ်​ထပ် မ​မြွက်​ကြ​နှင့်။ ထို​သူ​တို့​သည် များ​စွာ​သော​စ​ကား​အား​ဖြင့် မိ​မိ​တို့​အ​လို ပြည့်​စုံ​မည်​ဟု ထင်​မှတ်​ကြ၏။-

ယ​ခု​တွင် ထို​ပေါ​လု​က၊ လူ​လက်​ဖြင့် လုပ်​သ​မျှ​တို့​သည် ဘု​ရား​မ​ဟုတ်​ဟု​ဆို​သ​ဖြင့်၊ ဧ​ဖက်​မြို့​မှ​စ၍ အာ​ရှိ​ပြည် တစ်​လျှောက်​လုံး ကုန်​မ​တတ်၊ လူ​အ​ပေါင်း​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​သည်​ကို သင်​တို့​သည် မြင်​လျက်၊ ကြား​လျက်​ရှိ​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​လျက်​ပင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သင့်​သည်​အ​တိုင်း မ​ချီး​မွမ်း၊ ကျေး​ဇူး​တော်​ကို​လည်း မ​သိ​မ​မှတ်၊ အ​ချည်း​နှီး​တွေး​ဆ​ခြင်း၊ သ​တိ​မ​ရှိ​သော​စိတ်​နှ​လုံး​မိုက်​မဲ​ခြင်း​သို့ ရောက်​ကြ၏။-

မိ​စဉ်​ဘ​ဆက် ကျင်​လည်​သော အ​ချည်း​နှီး​ကျင့်​ကြံ​ပြု​မူ​ခြင်း​မှ၊ ရွှေ​ငွေ​အ​စ​ရှိ​သော ဖောက်​ပြန် ပျက်​စီး​တတ်​သော ဥ​စ္စာ​နှင့် သင်​တို့​ကို ရွေး​တော်​မူ​သည်​မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ