ယေဇကျေလ 7:19Judson Bibleသူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကို ညစ်ညူးသောအရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရား အမျက်ထွက်တော်မူသောကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှာ မတတ်နိုင်။ သူတို့ အလိုဆန္ဒကို မဖြေနိုင်။ ဝစွာ မကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍ မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
အစာမဟုတ်သောအရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သော အရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။
ငါနှင့်ကွာပြီးလျှင်၊ ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကိုတည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားလျက်ပင်၊ ငါ့အလိုကို မေးမြန်းခြင်းငှာ၊ ပရောဖက်ထံသို့လာသော ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ ငါထာဝရဘုရားသည် ကိုယ်အလိုအလျောက်ပြန်ပြောသဖြင့်၊