ယေဇကျေလ 7:18Judson Bibleသူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့် ကိုယ်ကိုခြုံလျက်၊ တစ်ယောက်မျှ မကြွင်း၊ မျက်နှာရှက်ကြောက်လျက်၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့သည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဆိုကြ၏။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကို ဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်တမ်းကြလော့။ ငါ၏ ဘုရားသခင့်အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေအဝတ်ကို ဝတ်လျက် တစ်ညလုံးအိပ်ကြလော့။ အကြောင်းမူကား၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကို သင်တို့ဘုရားသခင်၏ အိမ်တော်၌ မဆက်ကပ်ဘဲ နေကြပါပြီတကား။
သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်း ဖြစ်စေမည်။ သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှာလည်းကောင်း၊ ဆံပင်ကို ရိတ်စေခြင်းငှာလည်းကောင်း ငါစီရင်မည်။ တစ်ယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့လည်းကောင်း၊ အဆုံး၌ ခါးစွာသော နေ့ကဲ့သို့လည်းကောင်း ငါဖြစ်စေမည်။