Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 7:20

Judson Bible

သူ​တို့၌ တင့်​တယ်​သော တန်​ဆာ​အား​ဖြင့် သူ​တို့​မာ​န​ကို တိုး​ပွား​စေ၍၊ သူ​တို့၌ စက်​ဆုပ်​ဖွယ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း​ကောင်း၊ ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့​ကို​လည်း​ကောင်း လုပ်​ကြ​သော​ကြောင့်၊ ထို​တန်​ဆာ​ကို ညစ်​ညူး​သော​အ​ရာ ဖြစ်​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့၌ ငါ့​နာ​မ​ကို​ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​မြို့၊ ဗိ​မာန်​တော်၌ ယဇ်​ပ​လ္လင်​တည်း​ဟူ​သော၊

ဤ​ဗိ​မာန်၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ငါ့​နာ​မ​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် သား​တော်​ရှော​လ​မုန်​အား မိန့်​တော်​မူ​ရာ၌၊ ရည်​ဆောင်​သော ဗိ​မာန်​တော်​ထဲ​မှာ မိ​မိ​ပြု​စု​သော အာ​ရှ​ရ​ပင်​နှင့်​တူ​အောင် လုပ်​သော​ရုပ်​တု​ကို တင်​ထား၏။

သစ်​သား​အ​များ​ကို ပြင်​ဆင်​ခြင်း​ငှာ၊ ငါ့​ကျွန်​တို့​သည် မင်း​ကြီး​ကျွန်​တို့​နှင့် ဝိုင်း၍ လုပ်​ကိုင်​ကြ​လိမ့်​မည်။ ငါ​တည်​ဆောက်​ရ​သော အိမ်​တော်​သည် အ​လွန်​ကြီး၍ အံ့​ဩ​ဖွယ်​သော​အိမ်​ဖြစ်​ရ​မည်။

ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​များ​နှင့် ပြည်​သူ​ပြည်​သား ရှိ​သ​မျှ​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ပြု​သည်​အ​တိုင်း၊ အ​လွန်​ပြစ်​မှား​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​သန့်​ရှင်း​စေ​တော်​မူ​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ​ကြ၏။

သို့​ရာ​တွင် အ​သက်​ကြီး၍ အ​ရင်​ဗိ​မာန်​တော်​ကို မြင်​ဖူး​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ အ​ဆွေ​အ​မျိုး သူ​ကြီး​အ​များ​တို့​သည်၊ နောက်​ဗိ​မာန်​တော် တိုက်​မြစ်​ကျ​လျက်​ရှိ​သည်​ကို မြင်​သော​အ​ခါ၊ ကြီး​စွာ​သော​အ​သံ​နှင့် ငို​ကြွေး​ကြ၏။ လူ​အ​များ​တို့​သည်​လည်း ဝမ်း​မြောက်​သော​စိတ်​နှင့် ကြွေး​ကြော်​ကြ၏။

မြေ​ကြီး​တစ်​ပြင်​လုံး ရွှင်​လန်း​ရာ ဇိ​အုန်​တောင်​ထိပ်​သည် အ​ဆင်း​လှ​ပေ၏။ မြောက်​မျက်​နှာ​ဘက်၌ မ​ဟာ​မင်း​ကြီး၏ မြို့​တော်​သည် တည်၏။

အ​သ​ရေ​တင့်​တယ်​ခြင်း​ပြည့်​စုံ​ရာ ဇိ​အုန်​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်၏​ရောင်​ခြည်​တော်​သည် ထွန်း​ပ၏။

ထု​လုပ်​သော ငွေ​ရုပ်​တု​တန်​ဆာ​နှင့် သွန်း​သော ရွှေ​ရုပ်​တု​တန်​ဆာ​များ​ကို မ​ရို​မ​သေ​ပြု၍၊ ညစ်​ညူး​သော အ​ဝတ်​ကဲ့​သို့ ပစ်​ပယ်​လျက်၊ သွား​တော့​ဟု ဆို​ရ​လိမ့်​မည်။

ကိုယ်​တော်​ကို ဘိုး​ဘေး​တို့​ချီး​မွမ်း​ရာ​အ​ရပ်၊ အ​ကျွန်ုပ်​တို့၏ သန့်​ရှင်း​တင့်​တယ်​သော ဗိ​မာန်​တော်​ကို မီး​လောင်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ နှစ်​သက်​ဖွယ်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည် သုတ်​သင်​ပယ်​ရှား​လျက် ရှိ​ကြ​ပါ၏။

ရှိ​လော​ရွာ​ကို ငါ​ပြု​သ​ကဲ့​သို့၊ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော၊ သင်​တို့​ခို​လှုံ​သော ဤ​အိမ်​တော်၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ငါ​ပေး​သော အ​ရပ်​ဌာ​န​ကို ငါ​ပြု​မည်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​အ​မျိုး​သား​တို့​သည် ငါ့​ရှေ့​မှာ ဆိုး​သော​အ​မှု​ကို ပြု​ကြ​ပြီ။ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော အိမ်​တော်​ကို​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​တို့​ကို သွင်း​ထား​ကြ​ပြီ။

ရန်​သူ​သည် သူ၏​စည်း​စိမ်​ကို လု​ယူ​ပါ​ပြီ။ ပ​ရိ​သတ်​တော်​ထဲ​သို့ မ​ဝင်​ရ​ဟု မြစ်​တား​တော်​မူ​သော သာ​သ​နာ​ပ​လူ​တို့​သည် သူ၏ သန့်​ရှင်း​ရာ​ဌာ​န​တောင်​ထဲ​သို့​ဝင်​ကြောင်း​ကို သူ​မြင်​ရ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​သ​တို့​သ​မီး​ကို အ​မျက်​တော်​မိုး​တိမ်​ဖြင့် ဖုံး​လွှမ်း​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏ ဂုဏ်​အ​သ​ရေ​ကို ကောင်း​ကင်​မှ​မြေ​ကြီး​တိုင်​အောင် ချ​တော်​မူ​ပြီ။ အ​မျက်​တော်​ထွက်​ချိန်၌ ခြေ​တော်​တင်​ရာ​ခုံ​ကို မ​အောက်​မေ့​ဘဲ နေ​တော်​မူ​ပါ​ပြီ​တ​ကား။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ယဇ်​ပ​လ္လင်​တော်​ကို ပယ်​တော်​မူ​ပြီ။ မိ​မိ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို စက်​ဆုပ်​တော်​မူ​ပြီ။ ဘုံ​ဗိ​မာန်​တော်​ကို ရန်​သူ​လက်​သို့​အပ်​တော်​မူ​သ​ဖြင့်၊ ပွဲ​သ​ဘင်​ခံ​သော​နေ့၌ အ​သံ​ပြု​သ​ကဲ့​သို့၊ ရန်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌ အ​သံ​ပြု​ကြ​ပြီ။

သူ​တို့​သည် ထို​ပြည်​သို့​ရောက်၍၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို ပယ်​ရှား​ကြ​လိမ့်​မည်။

သင်၏​အ​ဝတ်​ကို​လည်း​ယူ၍၊ မြင့်​သော​အ​ရပ်​တို့​ကို ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ဆင်​ပြင်၍၊ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော​အ​မှု၊ မ​တ​ရား​သော​မေ​ထုန်​ကို ထို​အ​ရပ်၌ ပြု​လေ​ပြီ။

ငါ​ပေး​သော​ဘော​ဇဉ်၊ သင့်​ကို​ငါ​ကျွေး​သော မုန့်​ညက်၊ ဆီ၊ ပျား​ရည်​ကို​လည်း သူ​တို့​ရှေ့​မှာ မွှေး​ကြိုင်​စ​ရာ​ဖို့ တင်​ထား​လေ​ပြီ​တ​ကား။

ထို​မှ​တစ်​ပါး၊ ငါ၌​ပြု​သော​အ​မှု​ဟူ​မူ​ကား၊ ထို​နေ့​ချင်း​တွင် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ၍၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ကြ​ပြီ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၊ သင်​တို့​အ​စွမ်း​သ​တ္တိ အထွတ်​အ​မြတ်၊ သင်​တို့​ကြည့်​ရှု​လို​ဖွယ်​သော​အ​ရာ၊ အ​လွန်​နှ​မြော​သော​အ​ရာ​ကို ငါ​ရှုတ်​ချ​မည်။ သင်​တို့​ဖွား​မြင်​သော သား​သ​မီး​တို့​သည် ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​နှင့် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို သင်​သည် ညစ်​ညူး​စေ​သော​ကြောင့်၊ ငါ​သည်​လည်း သင့်​ကို​မ​နှ​မြော၊ မ​စုံ​မက်​ဘဲ​မျက်​နှာ​လွှဲ​မည်။

ငါ​လည်း မျက်​နှာ​လွှဲ​သည်​ဖြစ်၍၊ သူ​တို့​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ​ကြ​လိမ့်​မည်။ ဓား​ပြ​တို့​သည် ဝင်၍ ညစ်​ညူး​စေ​ကြ​လိမ့်​မည်။

တစ်​ဖန်​တုံ၊ အိမ်​တော်​ကို ညစ်​ညူး​စေ၍၊ ကွပ်​မျက်​သော​သူ အ​သေ​ကောင်​တို့​နှင့် တံ​တိုင်း​များ​ကို ပြည့်​စေ​ပြီး​မှ ထွက်​သွား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည်​ထွက်၍ မြို့​ထဲ၌ ကွပ်​မျက်​ကြ၏။

ဤ​အိမ်​တော်​သည် ရှေး​ဘုန်း​နှင့် ပြည့်​စုံ​သည်​ကို မြင်​ဖူး၍ သင်​တို့​တွင် ကျန်​ကြွင်း​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ယ​ခု​အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း။ နှိုင်း​ယှဉ်​လျှင် သင်​တို့​မျက်​မှောက်၌ အ​ဘယ်​မျှ မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​သည်​မ​ဟုတ်​လော။

သို့​ရာ​တွင် သင်​တို့​ရှိ​သ​မျှ​သည် လု​ယူ၍​ရ​သော နား​တောင်း​တို့​ကို ပေး​ပါ​မည်​အ​ကြောင်း၊ ငါ​တောင်း​ချင်​သည်​ဟူ၍​လည်း​ကောင်း ဆို​လေ၏။ ရန်​သူ​တို့​သည် ဣ​ရှ​မေ​လ​အ​မျိုး​ဖြစ်၍ ရွှေ​နား​တောင်း​ကို ဆင်​တတ်​ကြ​သ​တည်း။

ထို​တန်​ဆာ​တို့​နှင့် ဂိ​ဒေါင်​သည် သင်​တိုင်း​တော်​ကို​လုပ်၍ မိ​မိ​နေ​ရာ ဩ​ဖ​ရ​မြို့​မှာ​ထား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သင်​တိုင်း​တော်​နှင့် မှား​ယွင်း​လျက်​သွား​တတ်​ကြ၏။ ထို​အ​မှု​သည် ဂိ​ဒေါင်​နှင့် သူ၏​အ​မျိုး​ပြစ်​မှား​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ