တစ်ဖန်တုံ၊ အချင်းလူသား၊ အုတ်ပြားကိုယူ၍ သင့်ရှေ့မှာ ထားပြီးလျှင်၊ ယေရုရှလင်မြို့ပုံကို ရေးလော့။
ဣသရေလအမျိုးနှင့် ယုဒအမျိုး၏
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သစ်ပင်တို့ကို ခုတ်လှဲကြလော့။ ယေရုရှလင်မြို့တစ်ဖက်၌ မြေရိုးကိုဖို့ကြလော့။ ဤမြို့သည် ဆုံးမစရာကောင်းသောမြို့ ဖြစ်၏။ မြို့ထဲ၌ ညှဉ်းဆဲခြင်းသက်သက် ရှိ၏။
အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင်၏ ဓားသွားရာလမ်းနှစ်လမ်းကို မှတ်သားလော့။ လမ်းနှစ်လမ်းတို့သည် ပြည်တစ်ပြည်ထဲက ထွက်ရမည်။ မြို့သို့သွားသော လမ်းခွ၌ အရပ်တစ်ခုကို ရွေးလော့။
ငါသည် ပရောဖက်တို့၌ ဗျာဒိတ်ပေးပြီ။ များစွာသော ရူပါရုံတို့ကို ပြပြီ။ ပရောဖက်များအားဖြင့် ပုံပမာတို့ကို ထားပြီ။
မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တစ်မျိုးတည်းကိုသာ ငါလက်ခံသောကြောင့်၊ သင်တို့အပြစ် ရှိသမျှတို့ကို ငါစစ်ကြောမည်။