ယေဇကျေလ 4:2Judson Bibleမြို့ကိုဝိုင်း၍ မြို့ပြင်၌ တပ်တည်လော့။ မြေရိုးကိုလည်း ဖို့လော့။ တပ်သားတို့ကိုလည်း ခင်းကျင်းလော့။ မြို့ပတ်လည်တွင် ဝက်ခွတိုင်တို့၌ တုံးတို့ကိုလည်း ဆွဲထားလော့။ အခန်းကိုကြည့်ပါ။ |
ပြအိုးမြေရိုးတို့ကို ကြည့်ရှုတော်မူပါ။ မြို့တော်ကို တိုက်ယူခြင်းငှာ ရောက်ကြပါပြီ။ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့လက်သို့ မြို့တော်ကို အပ်တော်မူပြီ။ မိန့်တော်မူသော စကားပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင် မြင်တော်မူ၏။
ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထားစေခြင်းငှာလည်းကောင်း၊ လုပ်ကြံခြင်းအမှုကိုမှာထားစေခြင်းငှာလည်းကောင်း၊ ကြွေးကြော်အော်ဟစ် စေခြင်းငှာလည်းကောင်း၊ မြို့တံခါးတစ်ဖက်တစ်ချက်ဝက်ခွတိုင်၌ တုံးတို့ကိုဆွဲထားစေခြင်းငှာလည်းကောင်း၊ မြေရိုးကိုဖို့စေခြင်းငှာလည်းကောင်း၊ ရဲတိုက်ကို ဆောက်စေခြင်းငှာလည်းကောင်း၊ လက်ယာဘက်၌ ယေရုရှလင်မြို့အဖို့ ဗေဒင်တွက်၍ နေရာကျ၏။