ယေဇကျေလ 3:27Judson Bibleသို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ်ကို ငါဖွင့်မည်။ သင်က၊ အရှင်ထာဝရဘုရားမိန့်တော်မူ၏ဟု သူတို့အား ဟောပြောရမည်။ နားထောင်သောသူသည် နားထောင်စေ၊ နားမထောင်သောသူသည် နားမထောင်ဘဲနေစေ။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်ကြသည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊ သံတမန်အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာကို ဖော်ပြခြင်းငှာ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်းအခွင့် ရှိမည်အကြောင်းကိုလည်းကောင်း၊ ထိုတရားကို ဟောပြောအပ်သည်နှင့်အညီ၊ ရဲရင့်စွာဟော ပြောမည်အကြောင်းကိုလည်းကောင်း၊ ငါ့အဖို့လည်း ဆုတောင်းကြလော့။