သင်သည် သူတို့ကို မဆုံးမဘဲနေစေခြင်းငှာ၊ စကားအလျက် သင့်လျှာကို အာခေါင်၌ ကပ်စေမည်။ အကြောင်းမူကား၊ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်ကြ၏။
သင့်ကို ငါမအောက်မေ့၊ အမြတ်ဆုံးသော ဝမ်းမြောက်ခြင်းအကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ်မထားလျှင်၊ ငါ့လျှာသည် အာခေါင်၌ကပ်ပါစေ။
အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ကို ဖွင့်တော်မူပါ။ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်း၍ မြွက်ဆိုပါမည်။
ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့။ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကိုပုန်ကန်ကြပြီ။
သို့ဖြစ်၍ သင်သည် ခါးပန်းကိုစည်း၍ထလော့။ ငါမှာထားသမျှကို သူတို့အားဟောပြောလော့။ သူတို့ရှေ့မှာ သင့်ကို ငါအရှက်မခွဲရမည်အကြောင်း သူတို့ကို မကြောက်နှင့်။
မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။
အချင်းလူသား၊ သင်သည် ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသော မျက်စိရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော်လည်း မကြားတတ်။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။
သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်းသွားခြင်းငှာ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက်မှောက်တွင် အခြားတစ်ပါးသို့ နေရာပြောင်းလော့။ ပုန်ကန်တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်း ရကြလိမ့်မည်။
ထိုအခါ လွတ်လပ်သောသူနှင့်တွေ့သဖြင့် သင်၏နှုတ်ပွင့်လိမ့်မည်။ စကားမပြောဘဲနေချိန်လွန်၍ ဟောပြောရလိမ့်မည်။ ထိုသို့သင်သည် သူတို့အားပုပ္ပနိမိတ်ဖြစ်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ထိုသူမရောက်မီ ညဉ့်ဦးမှစ၍ သူရောက်သော နံနက်အချိန်တိုင်အောင်၊ ထာဝရဘုရားသည် လက်တော်ကို ငါ့အပေါ်၌တင်၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့်၊ ငါသည် စကားမပြောဘဲ နေရသောအချိန်လွန်၍ ဟောပြောရ၏။
ထိုသို့ ပြောဆိုပြီးမှ၊ ငါသည် ဦးညွှတ်ပျပ်ဝပ်၍ စကားမပြောနိုင်ဘဲ နေ၏။
ဧဖရိမ်သည် ရုပ်တုတို့၌ စွဲကပ်လျက်ရှိ၏။ သူ့ကိုတတ်တိုင်းရှိစေလော့။
သို့ရာတွင်၊ အဘယ်သူမျှ မဆီးတားစေနှင့်။ အဘယ်သူမျှ မဆုံးမစေနှင့်။ အကြောင်းမူကား၊ သင်၏အမျိုးသားချင်းတို့သည် ယဇ်ပုရောဟိတ်နှင့် ဆန့်ကျင်ဘက်ပြုသောသူကဲ့သို့ ဖြစ်ကြ၏။
မြို့တံခါးဝတွင် ဆုံးမတတ်သောသူကို မုန်း၍ ဖြောင့်မတ်စွာ ပြောတတ်သောသူကို ရွံရှာကြပြီတကား။