Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 32:12

Judson Bible

ခွန်​အား​ကြီး​သော​သူ၊ ကြောက်​မက်​ဖွယ်​သော လူ​မျိုး​အ​ပေါင်း​တို့​ဖြင့် သင်၏​အ​လုံး​အ​ရင်း​ကို ငါ​လဲ​စေ​မည်။ သူ​တို့​သည် အဲ​ဂု​တ္တု​မာ​န​ကို နှိမ့်​ချ၍၊ ပြည်​သား​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​သည် အ​ရှက်​ကွဲ​ကြောင်း​ကို လူ​မျိုး​တို့​သည် ကြား​ကြ​ပြီ။ သင်​မြည်​တမ်း​သော အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌ နှံ့​ပြား​ပြီ။ သူ​ရဲ​ချင်း တစ်​ယောက်​နှင့်​တစ်​ယောက် ထိ​ခိုက်၍၊ နှစ်​ယောက်​တို့​သည် လဲ​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

သင့်​ကို​သိ​သော​လူ အ​မျိုး​မျိုး​တို့​သည် သင်၏​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ သင်​သည် ကြောက်​မက်​ဖွယ် ဖြစ်​လိမ့်​မည်။ နောက်​တစ်​ဖန် မ​ပေါ်​လာ​ရ​ဟု မိန့်​တော်​မူ​၏။

ကြောက်​မက်​ဖွယ်​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​ကို သင်​ရှိ​ရာ​သို့ ငါ​ပို့​ဆောင်​သ​ဖြင့်၊ သူ​တို့​သည် သင်၏​ပ​ညာ​ဂုဏ်​ကို ဓား​နှင့်​ခုတ်၍၊ သင်၏​တင့်​တယ်​ခြင်း အ​သ​ရေ​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အား ငါ​ပေး​မည်။ ထို​မင်း​သည် ပြည်​သား အ​လုံး​အ​ရင်း​ကို​လည်း​ကောင်း၊ လက်​ရ​ဥ​စ္စာ အ​မျိုး​မျိုး​ကို​လည်း​ကောင်း၊ သိမ်း​ယူ​ပြီး​လျှင်၊ မိ​မိ​စစ်​သူ​ရဲ​တို့ အ​ခ​ဖို့ ဝေ​ငှ​လိမ့်​မည်။

ထို​ရှင်​ဘု​ရင်​နှင့်​တ​ကွ သူ၏​လူ​များ၊ ကြောက်​မက်​ဖွယ်​သော​လူ​မျိုး​များ​တို့​သည် အဲ​ဂု​တ္တု​ပြည်​ကို ဖျက်​ဆီး​ခြင်း​ငှာ​လာ၍၊ ဓား​ကိုင်​လျက် တစ်​ပြည်​လုံး​ကို သူ​ရဲ​တို့​နှင့် ပြည့်​စေ​ကြ​လိမ့်​မည်။

လူ​မျိုး​တို့​တွင် တန်​ခိုး​ကြီး၍ သူ့​ကို​ကျပ်​တည်း​စွာ စီ​ရင်​သော​သူ၏​လက်​သို့ ငါ​အပ်​လေ​ပြီ။ သူ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကြောင့် နှင်​ထုတ်​လေ​ပြီ။

ကြောက်​မက်​ဖွယ်​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သူ့​ကို​ခုတ်​လှဲ၍ ပစ်​ထား​ကြ​ပြီ။ အ​ကိုင်း​အ​ခက်​တို့​သည် တောင်​ပေါ်​နှင့် ချိုင့်​ထဲ​မှာ​ကျ၍ တစ်​ပြည်​လုံး မြစ်​နား​မှာ ကျိုး​ပဲ့​လျက်​နေ​ကြ၏။ မြေ​ကြီး​သာ​အ​ပေါင်း​တို့​သည် သူ့​အ​ရိပ်​ထဲ​က​ထွက်၍ သူ့​ကို​စွန့်​သွား​ကြ၏။

အ​ချင်း​လူ​သား၊ အဲ​ဂု​တ္တု​ပြည်​သား​အ​လုံး​အ​ရင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို ပြု​လော့။ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နေ​ရာ မြေ​အောက်​အ​ရပ်​သို့ တိုင်​အောင်၊ ကျော်​စော​သော​လူ​မျိုး သ​တို့​သ​မီး​တို့​နှင့်​တ​ကွ နှိမ့်​ချ​လျက် မြွက်​ဆို​ရ​မည်​မှာ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ