များစွာသော ရေအနားမှာ ကျက်စားသမျှသော တိရစ္ဆာန်တို့ကိုလည်း ငါပယ်ရှင်းမည်။ နောက်တစ်ဖန် လူခြေနှင့် တိရစ္ဆာန်ခြေသည် ထိုရေကို မနောက်စေရ။
အနှစ်လေးဆယ်ပတ်လုံး လူလျှောက်၍မသွားရ။ တိရစ္ဆာန်လည်း လျှောက်၍မသွားရ။ အဘယ်သူမျှ မနေရ။
သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင့်အပေါ်သို့ ဓားကိုဆောင်ခဲ့၍ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့်၊
မြစ်တို့ကို ငါခန်းခြောက်စေ၍၊ အဓမ္မလူတို့အား ပြည်ကိုရောင်းလိုက်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့လက်ဖြင့် ပြည်နှင့်တကွ ပြည်၌ပါသမျှကို ငါဖျက်ဆီးမည်။ ငါထာဝရဘုရားပြောပြီ။
ထိုရေကို ငါကြည်စေ၍ မြစ်ရေသည် ဆီကဲ့သို့ စီးစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု၍ ပြောဆိုရမည်မှာ၊ သင်သည် လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ ဖြစ်၏။ အိုင်၌နေသော မိကျောင်းကဲ့သို့လည်းဖြစ်၍၊ မြစ်တို့ကို ကူးသွားလျက်၊ ခြေဖြင့် ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ၏။
သင်တို့သည် ကောင်းသော ကျက်စားရာအရပ်၌ စားသည်သာမက၊ ကျန်သောမြက်ပင်ကိုနင်းသော အမှုသည် သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။ ကြည်သောရေကိုသောက်သည်သာမက၊ ကျန်သောရေကို ခြေနှင့် နောက်စေသောအမှုသည် သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။