Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 32:11

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​ဓား​သည် သင့်​အ​ပေါ်​သို့ ရောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် လူ​ကို​စေ​လွှတ်၍၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊ ငါ​မြှုပ်​ထား​သော ဤ​ကျောက်​တို့​အ​ပေါ်​မှာ၊ သူ၏​ရာ​ဇ​ပ​လ္လင်​ကို ငါ​တည်​မည်။ သူ​သည်​လည်း၊ မိ​မိ​တဲ​တော်​ကို ဤ​ကျောက်​တို့​အ​ပေါ်​မှာ ဖြန့်​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်​ကို လုပ်​ကြံ​ခြင်း​ငှာ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လာ​မည်​အ​ကြောင်း​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​ယေ​ရ​မိ​အား မိန့်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘု​ရင်​တို့၏​ဘု​ရင်​တည်း​ဟူ​သော မြောက်​မျက်​နှာ​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​ကို၊ မြင်း​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ လူ​များ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ တု​ရု​မြို့​သို့ ငါ​ဆောင်​ခဲ့​မည်။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အား ငါ​ပေး​မည်။ ထို​မင်း​သည် ပြည်​သား အ​လုံး​အ​ရင်း​ကို​လည်း​ကောင်း၊ လက်​ရ​ဥ​စ္စာ အ​မျိုး​မျိုး​ကို​လည်း​ကောင်း၊ သိမ်း​ယူ​ပြီး​လျှင်၊ မိ​မိ​စစ်​သူ​ရဲ​တို့ အ​ခ​ဖို့ ဝေ​ငှ​လိမ့်​မည်။

ဓား​ဘေး​သည် အဲ​ဂု​တ္တု​ပြည်​သို့ ရောက်​သ​ဖြင့်၊ သူ​ရဲ​တို့​သည် လဲ၍​သေ​ကြ​သော​အ​ခါ၊ အဲ​သ​ယော​ပိ​ပြည် သည် ပူ​ပန်​လိမ့်​မည်။ အ​လုံး​အ​ရင်း​ကို​ပယ်​ရှား၍ မူ​လ​အ​မြစ်​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။

လူ​မျိုး​တို့​တွင် တန်​ခိုး​ကြီး၍ သူ့​ကို​ကျပ်​တည်း​စွာ စီ​ရင်​သော​သူ၏​လက်​သို့ ငါ​အပ်​လေ​ပြီ။ သူ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကြောင့် နှင်​ထုတ်​လေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ