ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကိုလည်းကောင်း၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့် တို့ကိုလည်းကောင်း လုပ်ကြပြီ။
ယာဝန်သားကား၊ ဧလိရှာ၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။
ကြီးမြင့်သော လေဗနုန်အာရဇ်ပင်ရှိသမျှကိုလည်းကောင်း၊ ဗာရှန်သပိတ်ပင်ရှိသမျှကိုလည်းကောင်း၊
တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည်တိုင်အောင် ရှင်းရှင်းပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သတင်းကြားရ၏။
ညှဉ်းဆဲခြင်းကို ခံရသောကညာ၊ ဇိဒုန်မြို့၏သမီး၊ သင်သည် နောက်တစ်ဖန် ရွှင်လန်းခြင်းမရှိရ။ ထလော့။ ခိတ္တိမ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း ငြိမ်သက်ခြင်းမရှိရဟု မိန့်တော်မူ၏။
ခိတ္တိမ်ကျွန်းတို့သို့ ကူး၍ ကြည့်ရှုကြလော့။ ကေဒါပြည်သို့ လူကိုစေလွှတ်၍၊ ထိုသို့ဖြစ်ဖူးပြီလောဟု စေ့စေ့ကြည့်ရှုဆင်ခြင်ကြလော့။
လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော်လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် စိတ်နာလျက် ပြန်သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက်သည်အတိုင်း ပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သောသူတို့နှင့် အဆွေဖွဲ့လိမ့်မည်။
အို ထင်းရှူးပင်၊ အာရဇ်ပင်လဲသောကြောင့် မြည်တမ်းလော့။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ။ အို ဗာရှန်သပိတ်ပင်တို့၊ ခိုင်ခံ့သောတောကို ခုတ်လှဲသောကြောင့် မြည်တမ်းကြလော့။
တစ်ဖန် ဣသရေလအမျိုးသားတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃသည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာစစ်တိုက်ခြင်းငှာ ချီသွား၏။
သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ၍အာရှုရိပြည်ကိုလည်းကောင်း၊ ဟေဗာပြည်ကိုလည်းကောင်း နှောင့်ယှက်ကြလိမ့်မည်။ သူတို့သည်လည်း ရှင်းရှင်းပျက်စီးကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊