Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 27:5

Judson Bible

သင်၏​ပျဉ်​ပြား​ရှိ​သ​မျှ​တို့​ကို စေ​နိ​ရ​ထင်း​ရှူး​သစ်​သား​ဖြင့် လုပ်၍၊ ရွက်​တိုင်​ဖို့ လေ​ဗ​နုန်​အာ​ရဇ်​ပင်​တို့​ကို ယူ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​ကို ခ​မည်း​တော်​အ​ရာ၌ ဘိ​သိက်​ပေး​ကြောင်း​ကို တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် ကြား​လျှင်၊ ဒါ​ဝိဒ်​နှင့်​အ​စဉ် မိတ်​ဆွေ​ဖွဲ့​သော​သူ​ဖြစ်၍၊ မိ​မိ​ကျွန်​တို့​ကို စေ​လွှတ်​လေ၏။

မင်း​ကြီး၏​ကျွန်​တို့​သည် ငါ့​အ​ဖို့ လေ​ဗ​နုန်​တောင်​ပေါ်​မှာ အာ​ရဇ်​ပင်​တို့​ကို ခုတ်​လှဲ​စေ​ခြင်း​ငှာ စီ​ရင်​ပါ။ ငါ့​ကျွန်​တို့​သည် မင်း​ကြီး​ကျွန်​တို့​နှင့်​ဝိုင်း၍ လုပ်​ကိုင်​ကြ​လိမ့်​မည်။ မင်း​ကြီး​စီ​ရင်​သည်​အ​တိုင်း၊ မင်း​ကြီး၏ ကျွန်​တို့​အား အ​ခ​ကို​ပေး​ပါ​မည်။ ဇိ​ဒုန်​အ​မျိုး​သား​တို့​သည် သစ်​ခုတ်​တတ်​သ​ကဲ့​သို့ ငါတို့​တွင် အ​ဘယ်​သူ​မျှ မ​ခုတ်​တတ်​သည်​ကို မင်း​ကြီး​သိ​သည်​ဟု မှာ​လိုက်​လေ၏။

မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​သည်၊ ထို​ပြည်​တွင် ဗာ​ရှန်​မြို့​မှ​စ၍ ဗာ​လ​ဟေ​ရ​မုန်​မြို့၊ စ​နိ​ရ​မြို့၊ ဟေ​ရ​မုန်​တောင်​တိုင်​အောင် ပွား​များ​လျက်​နေ၏။

ယ​ခု​မှာ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပြာ​သော​အ​ထည်​ကို လုပ်​တတ်​သော​အ​တတ်၊ ငါ့​အ​ဘ​ဒါ​ဝိဒ်​ပြင်​ဆင်၍ ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ​ပြည်၌ ငါ့​ထံ​မှာ​ရှိ​သော ဆ​ရာ​သ​မား​တို့​နှင့် ဝိုင်း၍ ထု​လုပ်​တတ်​သော အ​တတ်​နှင့်​ပြည့်​စုံ​သော သူ​တစ်​ယောက်​ကို ငါ့​ထံ​သို့​စေ​လွှတ်​ပါ။

ထာ​ဝ​ရ​ဘု​ရား၏ သစ်​ပင်၊ စိုက်​တော်​မူ​သော လေ​ဗ​နုန်​အာ​ရဇ်​ပင်​တို့​သည်​လည်း ရောင့်​ရဲ​လျက်​ရှိ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် အာ​ရဇ်​ပင်​တို့​ကို ချိုး​တော်​မူ၏။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် လေ​ဗ​နုန်​အာ​ရဇ်​တော​ကို ချိုး​တော်​မူ၏။

ဖြောင့်​မတ်​သော​သူ​သည် စွန်​ပ​လွံ​ပင်​ကဲ့​သို့​ပွင့်​လန်း၍ လေ​ဗ​နုန်​တောင်​ပေါ်​မှာ အာ​ရဇ်​ပင်​ကဲ့​သို့ ကြီး​ပွား​လိမ့်​မည်။

ငါ​နှင့်​အ​တူ လေ​ဗ​နုန်​တောင်​က လာ​ပါ​အ​ပယ်။ ငါ​နှင့်​အ​တူ လေ​ဗ​နုန်​တောင်​က လာ​ပါ။ အာ​မ​န​တောင်​ထိပ်၊ ရှ​နိ​ရ​တောင်၊ ဟေ​ရ​မုန်​တောင်​ထိပ်၊ ခြင်္သေ့​တွင်း​များ၊ ကျား​သစ်​နေ​ရာ တောင်​များ​အ​ပေါ်​က ကြည့်​ရှု​ပါ။

ထင်း​ရှူး​ပင်​နှင့် လေ​ဗ​နုန်​အာ​ရဇ်​ပင်​တို့​က၊ သင်​တို့​သည် လဲ​ပြီး​သည်​နောက်၊ ငါ​တို့​ကို ခုတ်​လှဲ​သော​သူ​သည် မ​တက်​မ​လာ​ရ​ဟု သင့်​ကို​ရည်​ဆောင်၍ ဝမ်း​မြောက်​ကြ၏။

သင်၏​နံ​ပါး​တို့​သည် ပင်​လယ်​ထဲ​မှာ ရှိ၏။ သင်၏​ဗိ​သု​ကာ​တို့​သည် သင့်​ကို​စုံ​လင်​စွာ တင့်​တယ်​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။

ဟေ​ရ​မုန်​တောင်​ကို ဇိ​ဒုန်​လူ​တို့​သည် စိ​ရုန်​ဟူ၍​လည်း​ကောင်း၊ အာ​မော​ရိ​လူ​တို့​သည် ရှု​နိ​ရ​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ