သင်၏နံပါးတို့သည် ပင်လယ်ထဲမှာ ရှိ၏။ သင်၏ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေခြင်းငှာ ပြုကြပြီ။
ပင်လယ်အလယ်၌ ပိုက်ကွန်လှန်းရာအရပ် ဖြစ်လိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ လူမျိုးလုယူရာ ဖြစ်ရလိမ့်မည်။
အို ပင်လယ်ဝ၌တည်သောမြို့၊ များစွာသော ကျွန်းသူကျွန်းသားတို့အဖို့ ကုန်သွယ်တတ်သောမြို့၊ သင့်ကို အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင်က၊ ငါ၏တင့်တယ်ခြင်းစုံလင်ပြီဟု ဆိုတတ်၏။
သင်၏ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်းရှူးသစ်သားဖြင့် လုပ်၍၊ ရွက်တိုင်ဖို့ လေဗနုန်အာရဇ်ပင်တို့ကို ယူကြပြီ။
ဖွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသောနေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။
သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေကြောင့်၊ ဝါကြွားသောစိတ်ရှိလျက် ဂုဏ်ထွန်းတောက်သောကြောင့်၊ သင်၏ပညာသည် ဖောက်ပြန်လျက်ရှိလေပြီ။ ငါသည် သင့်ကို မြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှာ၊ သူတို့ရှေ့မှာ သင့်ကိုငါချထားမည်။