Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 27:3

Judson Bible

အို ပင်​လယ်​ဝ၌​တည်​သော​မြို့၊ များ​စွာ​သော ကျွန်း​သူ​ကျွန်း​သား​တို့​အ​ဖို့ ကုန်​သွယ်​တတ်​သော​မြို့၊ သင့်​ကို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​တု​ရု​မြို့၊ သင်​က၊ ငါ၏​တင့်​တယ်​ခြင်း​စုံ​လင်​ပြီ​ဟု ဆို​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​သ​ရေ​တင့်​တယ်​ခြင်း​ပြည့်​စုံ​ရာ ဇိ​အုန်​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်၏​ရောင်​ခြည်​တော်​သည် ထွန်း​ပ၏။

ဂေ​ဗ​လ​ပြည်​သား၊ အ​မ္မုန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ တု​ရု​မြို့​သား​နှင့်​တ​ကွ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​သည် သင်း​ဖွဲ့​ကြ​ပါ၏။

ကုန်​သည် သင်္ဘော​ကဲ့​သို့​ဖြစ်၍၊ စား​စ​ရာ​ကို ဝေး​သော​အ​ရပ်​မှ ဆောင်​ခဲ့​တတ်၏။

ရန်​သူ​သည် ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍၊ တိုင်း​နိုင်​ငံ​တို့​ကို လှုပ်​ရှား​လေ၏။ ခါ​နာန်​ပြည်၌ ခိုင်​ခံ့​သော​အ​ရပ်​တို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။

သို့​ရာ​တွင်၊ သင်​သည် ကိုယ်​လှ​သော​အ​ဆင်း​ကို​ကိုး​စား၍၊ ဂုဏ်​အ​သ​ရေ ကျော်​စော​သော​ကြောင့်၊ ပြည့်​တန်​ဆာ​လုပ်၍၊ ခ​ရီး​သွား​သော​သူ အ​ပေါင်း​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို အ​နှံ့​အ​ပြား​ပြု​သ​ဖြင့်၊ ယောက်ျား​တိုင်း အ​ခွင့်​ရ၏။

သင်၏​ဥ​စ္စာ​ကို လု​ယူ၍ သင်၏​ကုန်​များ​ကို​လည်း သိမ်း​ယူ​ကြ​လိမ့်​မည်။ သင်၏​အုတ်​ထ​ရံ​တို့​ကို ဖြို၍​ဘုံ​ဗိ​မာန်​တို့​ကို ဖျက်​ပြီး​လျှင်၊ သင်၏​ကျောက်၊ သစ်​သား၊ မြေ​တို့​ကို ရေ​ထဲ​မှာ​ချ​ပစ်​ကြ​လိမ့်​မည်။

သူ​တို့​က​လည်း၊ အို ကျော်​စော​သော​မြို့၊ ပင်​လယ်​သား​နေ၍ ပင်​လယ်၌ အား​ကြီး​သော​မြို့၊ ပင်​လယ်​သား​အ​ပေါင်း​တို့ ရို​သေ​ဖွယ်​သော မြို့​သား​နှင့် ပြည့်​စုံ​သော​မြို့၊ သင်​သည် အ​လွန်​ပျက်​စီး​လေ​ပြီ​တ​ကား​ဟု သင့်​အား​ဆို​လျက်၊ သင့်​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်။

သင်၏​နံ​ပါး​တို့​သည် ပင်​လယ်​ထဲ​မှာ ရှိ၏။ သင်၏​ဗိ​သု​ကာ​တို့​သည် သင့်​ကို​စုံ​လင်​စွာ တင့်​တယ်​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။

အ​ကြောင်း​မူ​ကား၊ လူ​မျိုး​အ​ပေါင်း​တို့​သည် သူ၏ မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက် တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ လော​ကီ​ကုန်​သည်​တို့​သည် သူ၏ ကာ​မ​ဂုဏ်​စည်း​စိမ် ကြွယ်​ဝ​ခြင်း​အား​ဖြင့် ဥ​စ္စာ​ရ​တတ်​ကြ​ပြီ​ဟု ပြော​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ