Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 27:2

Judson Bible

အ​ချင်း​လူ​သား၊ တု​ရု​မြို့​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍၊ တု​ရု​မြို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော​လူ၊ တိ​ရ​စ္ဆာန်၊ သစ်​ပင်၊ မြေ​အ​သီး​အ​နှံ​အ​ပေါ်​မှာ ငါ​သည် ဒေါ​သ​အ​မျက်​မီး​ကို သွန်း​လောင်း၍၊ ထို​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​လိမ့်​မည်။

တောင်​များ၊ လွင်​ပြင်​များ​တို့​အ​တွက် ငါ​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ရ​မည်။ ထို​အ​ရပ်​တို့၌ မီး​လောင်​သော​ကြောင့်၊ လူ​သည် မ​လျှောက်​မ​သွား​ရ။ သိုး​နွား မြည်​သံ​ကို မ​ကြား​ရ။ မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တို့​သည် ထွက်​ပြေး​ရ​ကြ​ပြီ။

သူ​တို့​မ​သိ၊ ဘိုး​ဘေး​မ​သိ​ဖူး​သော​လူ​မျိုး​တို့​တွင် အ​ရပ်​ရပ်၌​ကွဲ​ပြား​စေ​မည်။ ရှင်း​ရှင်း​မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ သူ​တို့​နောက်​သို့ ဓား​ဘေး​ကို စေ​လွှတ်​မည်။

ထို​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​မင်း​သား​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​လျက်​ပြော​ရ​မည်​မှာ၊

သူ​တို့​က​လည်း၊ အို ကျော်​စော​သော​မြို့၊ ပင်​လယ်​သား​နေ၍ ပင်​လယ်၌ အား​ကြီး​သော​မြို့၊ ပင်​လယ်​သား​အ​ပေါင်း​တို့ ရို​သေ​ဖွယ်​သော မြို့​သား​နှင့် ပြည့်​စုံ​သော​မြို့၊ သင်​သည် အ​လွန်​ပျက်​စီး​လေ​ပြီ​တ​ကား​ဟု သင့်​အား​ဆို​လျက်၊ သင့်​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊

ပင်​လယ်​အ​လယ်၌ ဆုံး​သော​မြို့​တည်း​ဟူ​သော တု​ရု​မြို့​နှင့် အ​ဘယ်​မြို့​တူ​သ​နည်း။

အ​ချင်း​လူ​သား၊ တု​ရု​ရှင်​ဘု​ရင်​အ​တွက် မြည်​တမ်း​သော စ​ကား​ကို​မြွက်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ထူး​ဆန်း​သော​တံ​ဆိပ် ဖြစ်၏။ ပ​ညာ​နှင့်​ပြည့်​စုံ၍ တင့်​တယ်​ခြင်း​အ​သ​ရေ​လည်း စုံ​လင်​လျက်​ရှိ၏။

အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍ ပြော​ဆို​ရ​မည်​မှာ၊ သင်​သည် လူ​မျိုး​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့ ဖြစ်၏။ အိုင်၌​နေ​သော မိ​ကျောင်း​ကဲ့​သို့​လည်း​ဖြစ်၍၊ မြစ်​တို့​ကို ကူး​သွား​လျက်၊ ခြေ​ဖြင့် ရေ​ကို​လှုပ်​ရှား​လျက် မြစ်​ရေ​ကို နောက်​စေ၏။

အို ဣ​သ​ရေ​လ​အ​မျိုး၊ ယ​ခု​သင်​တို့၌ ငါ​မြွက်​ဆို၍ မြည်​တမ်း​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ခပ်​သိမ်း​သော​လမ်း​တို့၌ မြည်​တမ်း​ခြင်း​ရှိ၍ သွား​လာ​သော​သူ​တို့​က၊ အ​လို​လေး၊ အ​လို​လေး​ဟု ဆို​ကြ​လိမ့်​မည်။ လယ်​လုပ်​သော​သူ​သည် ညည်း​တွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြည်​တမ်း​တတ်​သော​သူ​သည် ငို​ကြွေး​မြည်​တမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ခေါ်​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ