အဲဂုတ္တုပြည်၌ ချယ်လှယ်သော ပိတ်ချောရွက်တို့ကိုဖြန့်၍၊ ဧလိရှကျွန်းတို့မှ ယူခဲ့သော အထည်ပြာ၊ အထည်မောင်းဖြင့်လုပ်သော မျက်နှာကြက်နှင့် ပြည့်စုံ၏။
ယာဝန်သားကား၊ ဧလိရှာ၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။
ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှဆောင်ခဲ့ရ၏။ ရှင်ဘုရင်၏ကုန်သည်တို့သည် အဖိုးပေးလျက် ကောမြို့၌ ခံယူရကြ၏။
ယာဝန်သားကား ဧလိရှာ၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒါနိမ်တည်း။
ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး။
ငါ့ခုတင်ကို ချယ်လှယ်သော အိပ်ရာခင်းနှင့်လည်းကောင်း၊ အဲဂုတ္တုပိတ်ချောနှင့်လည်းကောင်းပြင်ဆင်ပြီ။
ပိုက်ဆန်လုပ်သောသူနှင့် ဇာမျိုးကိုရက်သော သူတို့သည်လည်း အကျိုးနည်းရှိကြလိမ့်မည်။
ထုလုပ်တတ်သောသူ၊ သွန်းတတ်သောသူ၏ လက်လုပ်ရာငွေပြားကို တာရှုမြို့မှလည်းကောင်း၊ ရွှေကိုလည်း ဥဖတ်မြို့မှလည်းကောင်း ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊ မောင်းသောအထည်နှင့် ခြုံတတ်၏။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း။
ချယ်လှယ်သော အဝတ်ကိုဝတ်စေ၏။ တဟာရှသားရေခြေနင်းကို စီးစေ၏။ ဖဲ၊ ပိတ်ချောနှင့် ခြုံစေ၏။