Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 26:11

Judson Bible

မြင်း​ခွာ​တို့​ဖြင့် သင်၏​လမ်း​ရှိ​သ​မျှ​တို့​ကို​နင်း​လျက်၊ သင်၏​လူ​တို့​ကို ဓား​နှင့်​သတ်၍၊ သင်​ခို​လှုံ​စ​ရာ ရုပ်​တု​ဆင်း​တု​တို့​သည် မြေ​တိုင်​အောင် ပြို​လဲ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

မြင့်​သော​အ​ရပ်၌ နေ​သော​သူ​တို့​ကို ရှုတ်​ချ​တော်​မူ၏။ မြင့်​မြတ်​သော​မြို့​ကို ဖြို၍၊ မြေ​တိုင်​အောင် နှိမ့်​ချ​လျက် မြေ​မှုန့်​ထဲ​မှာ ထား​တော်​မူ၏။

သူ​တို့​မြား​တို့​သည် ထက်​ကြ၏။ လေး​တို့​သည်​လည်း တင်း​လျက်​ရှိ​ကြ၏။ မြင်း​ခွာ​တို့​သည် မီး​ကျောက်​ကဲ့​သို့​လည်း​ကောင်း၊ ရ​ထား​ဘီး​တို့​သည်​လည်း၊ လေ​ပွေ​ကဲ့​သို့​လည်း​ကောင်း ထင်​ကြ၏။

အဲ​ဂု​တ္တု​ပြည် ဗက်​ရှေ​မက်​မြို့၌၊ ရုပ်​တု​ဆင်း​တု​များ​ကို ချိုး​ဖျက်၍၊ အဲ​ဂု​တ္တု​ဘု​ရား​အိမ်​များ​ကို မီး​ရှို့​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ပြည်၌ အ​လံ​ကို​ထူ​ကြ​လော့။ အ​ပြည်​ပြည်​တို့၌ တံ​ပိုး​ကို​မှုတ်၍၊ လူ​အ​မျိုး​မျိုး​တို့​ကို သူ၏​တစ်​ဖက်၌ ပြင်​ဆင်​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိ​န္နိ​ပြည်၊ အာ​ရှ​ကေ​နတ်​ပြည်​တို့​ကို သူ၏​တစ်​ဖက်၌ စည်း​ဝေး​စေ​ကြ​လော့။ ဗိုလ်​ချုပ်​မင်း​ကို ခန့်​ထား၍၊ အ​မွေး​ကြမ်း​သော ကျိုင်း​ကောင်​ကဲ့​သို့ မြင်း​စီး​သူ​ရဲ​တို့​ကို စစ်​ချီ​စေ​ကြ​လော့။

သူ​တို့၏​မြင်း​သည် ကျား​သစ်​ထက်​လျင်​မြန်၏။ ည၌ လည်​သော​တော​ခွေး​ထက် ကြမ်း​တမ်း၏။ မြင်း​စီး​သူ​ရဲ​တို့​သည် အ​ဝေး​က​လာ၍ ခုန်​ကြ​လိမ့်​မည်။ အ​ကောင်​ကို ကိုက်​စား​ခြင်း​ငှာ လျင်​မြန်​သော ရွှေ​လင်း​တ​ကဲ့​သို့ ပျံ​လာ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ