Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 26:12

Judson Bible

သင်၏​ဥ​စ္စာ​ကို လု​ယူ၍ သင်၏​ကုန်​များ​ကို​လည်း သိမ်း​ယူ​ကြ​လိမ့်​မည်။ သင်၏​အုတ်​ထ​ရံ​တို့​ကို ဖြို၍​ဘုံ​ဗိ​မာန်​တို့​ကို ဖျက်​ပြီး​လျှင်၊ သင်၏​ကျောက်၊ သစ်​သား၊ မြေ​တို့​ကို ရေ​ထဲ​မှာ​ချ​ပစ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဟေ​ဇ​ကိ​သည် များ​စွာ​သော စည်း​စိမ်​ဥ​စ္စာ ဂုဏ်​အ​သ​ရေ​ရှိ၏။ ရွှေ၊ ငွေ၊ ကျောက်​မြတ်၊ နံ့​သာ​မျိုး၊ ဒိုင်း​လွှား၊ နှ​မြော​ဖွယ်​သော တန်​ဆာ သို​ထား​ရာ​ဘ​ဏ္ဍာ​တိုက်​များ​ကို တည်​လေ၏။

နှစ်​လည်​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် စစ်​ချီ​စေ၍၊ ထို​မင်း​နှင့်​တ​ကွ ကောင်း​မွန်​သော ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၍၊ ဘ​ထွေး​တော်​ဇေ​ဒ​ကိ​ကို၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​ပေါ်​မှာ တင်​လေ၏။

ရန်​သူ​သည် ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍၊ တိုင်း​နိုင်​ငံ​တို့​ကို လှုပ်​ရှား​လေ၏။ ခါ​နာန်​ပြည်၌ ခိုင်​ခံ့​သော​အ​ရပ်​တို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။

တု​ရု​မြို့​သည် ရာ​ဇ​သ​ရ​ဖူ​ကို ပေး​တတ်​သော​မြို့ ဖြစ်​လျက်၊ သူ၏​ကုန်​သည်​တို့​သည် မင်း​သား၊ ဖောက်​ကား​ရောင်း​ဝယ်​သော သူ​တို့​သည် မြေ​ကြီး​မှူး​မတ်​ဖြစ်​လျက်၊ ထို​မြို့​တစ်​ဖက်၌ အ​ဘယ်​သူ​သည် ဤ​အ​ကြံ​ကို ကြံ​စည်​သ​နည်း။

ရင်​ပတ်​ကို​ခတ်​ခြင်း၊ သာ​ယာ​သော​လယ်​ယာ​နှင့် အ​သီး​များ​သော စ​ပျစ်​နွယ်​ပင်​အ​တွက် ညည်း​တွား​ခြင်း ရှိ​လိမ့်​မည်။

အို သိုး​ထိန်း​တို့၊ ငို​ကြွေး အော်​ဟစ်​ကြ​လော့။ အို သိုး​ကြီး​သိုး​မြတ်​တို့၊ ပြာ၌​လူး​လည်း​လျက် နေ​ကြ​လော့။ သင်​တို့​ကို သတ်​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။ အ​ရပ်​ရပ်​သို့ ငါ​မောင်း​သ​ဖြင့်၊ သင်​တို့​သည် အ​ဖိုး​ထိုက်​သော တန်​ဆာ​ကျ​သ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။

ကိုယ်​ရံ​တော်​မှူး၌​ပါ​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရိုး ရှိ​သ​မျှ​တို့​ကို ဖြို​ဖျက်​ကြ၏။

ပင်​လယ်​အ​လယ်၌ ပိုက်​ကွန်​လှန်း​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ လူ​မျိုး​လု​ယူ​ရာ ဖြစ်​ရ​လိမ့်​မည်။

သင့်​ကို မြေ​တွင်း​ထဲ​သို့​နှိမ့်​ချ၍၊ ပင်​လယ်​အ​လယ်၌ ဆုံး​ရှုံး​သော​သူ​ကဲ့​သို့ သင့်​အ​သက်​သည် ဆုံး​ရှုံး​ရ​လိမ့်​မည်။

သူ​တို့၏​ဘု​ရား​များ၊ သွန်း​သော​ရုပ်​တု​များ၊ အ​ဖိုး​ထိုက်​သော​ငွေ​ဖ​လား၊ ရွှေ​ဖ​လား​များ​ကို အဲ​ဂု​တ္တု​ပြည်​သို့ သိမ်း​သွား​လိမ့်​မည်။ သူ​သည်​လည်း မြောက်​ရှင်​ဘု​ရင်​ထက် အ​သက်​ရှည်​လိမ့်​မည်။

မိ​မိ​ညီ​အစ်​ကို​တို့​တွင် အ​သီး​များ​စွာ သီး​တတ်​သော်​လည်း၊ အ​ရှေ့​လေ​လာ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လေ​သည် တော​မှ​လာ၍ သူ၏​စမ်း​ရေ​တွင်း​ကို ခန်း​ခြောက်​စေ​သ​ဖြင့် ရေ​ပြတ်​လိမ့်​မည်။ ဘ​ဏ္ဍာ​တိုက်၌ ရှိ​သ​မျှ​သော တန်​ဆာ​အ​ကောင်း​အ​မြတ်​တို့​ကို ရန်​သူ လု​ယူ​လိမ့်​မည်။

သင်​တို့​သည် ဆင်း​ရဲ​သား​ကို​နှိပ်​စက်၍ ဂျုံ​စ​ပါး​ကို တောင်း​ခံ​တတ်​သော​ကြောင့်၊ ဆစ်​သော​ကျောက်​နှင့် တိုက်​ကို​တည်​သော်​လည်း ထို​တိုက်၌ မ​နေ​ရ​ကြ။ နှစ်​သက်​ဖွယ်​သော စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​သော်​လည်း၊ စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။

ငွေ​ကို လု​ယူ​ကြ။ ရွှေ​ကို​လည်း လု​ယူ​ကြ။ နှစ်​သက်​ဖွယ်​သော တန်​ဆာ​များ​ကို ရွှေ​တိုက်​တော်​ထဲ​က ထုတ်၍ မ​ကုန်​နိုင်။

သူ​တို့​မ​သိ​သော လူ​မျိုး​အ​ပေါင်း​တို့​တွင် လေ​ပွေ​တိုက်၍ ငါ​လွှင့်​ပြီ။ ထို​ကြောင့်၊ သူ​တို့ ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ၍ အ​ဘယ်​သူ​မျှ မ​သွား​မ​လာ။ သာ​ယာ​သော​ပြည်​သည် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​လေ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ