Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 26:10

Judson Bible

မြင်း​များ​သော​ကြောင့် မြေ​မှုန့်​သည် သင့်​ကို​ဖုံး​လွှမ်း​လိမ့်​မည်။ တိုက်​ဖျက်​သော​မြို့​ထဲ​သို့ ဝင်​တတ်​သ​ကဲ့​သို့ သင်၏​မြို့​တံ​ခါး​သို့ ဝင်​သော​အ​ခါ၊ လှည်း​ရ​ထား​မျိုး မြည်​သံ၊ မြင်း​စီး​သူ​ရဲ​တို့​အ​သံ​ကြောင့် သင်၏​မြို့​ရိုး​လှုပ်​ရှား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရွှေ​ဓား​ဝန် နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ၊ မိန်း​မ​စိုး​အုပ် စာ​သ​ခိမ်၊ မာ​ဂု​ပ​ညာ​ရှိ​အုပ် နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ တည်း​ဟူ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​အ​စ​ရှိ​သော မှူး​တော်​မတ်​တော်​အ​ပေါင်း​တို့​သည် မြို့​ထဲ​သို့​ဝင်၍၊ အ​လယ်​ချက် တံ​ခါး​ဝ၌ ထိုင်​ကြ၏။

လာ​သော​မင်း​သည် မိုး​တိမ်​ကဲ့​သို့ လာ​လိမ့်​မည်။ သူ၏​ရ​ထား​တို့​သည် လေ​ပွေ​ကဲ့​သို့​ဖြစ်​ကြ၏။ သူ၏​မြင်း​တို့​သည် ရွှေ​လင်း​တ​ထက် သာ၍ လျင်​မြန်​ကြ၏။ ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။

ရန်​သူ​စီး​သော မြင်း​ခွာ​သံ၊ စိုင်း​သော​ရ​ထား​ဘီး​များ မြည်​သံ​ကြောင့်၊ အ​ဘ​တို့​သည် လက်​အား​လျော့၍ သား​တို့​ကို ပြန်​မ​ကြည့်​ကြ။

စစ်​တိုက်​လက်​နက်​နှင့် လှည်း​ရ​ထား​ပါ​လျက်၊ လူ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ လာ၍ ဒိုင်း၊ လွှား၊ သံ​ခ​မောက်​လုံး​တို့​ကို သင့်​ပတ်​လည်၌ ခင်း​ကျင်း​ကြ​လိမ့်​မည်။ တ​ရား​စီ​ရင်​သော​အ​ခွင့်​ကို သူ​တို့၌​ငါ​အပ်​ပေး၍၊ သူ​တို့​သည် မိ​မိ​ထုံး​စံ​အ​တိုင်း စီ​ရင်​ကြ​လိမ့်​မည်။

တု​ရု​မြို့​ကို ရည်​မှတ်၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​လယ်၌ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အ​မှု​ဖြစ်၍၊ ထိ​ခိုက်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ သင်​ပြို​လဲ​ခြင်း​အ​သံ​ကြောင့် တစ်​ကျွန်း​တစ်​နိုင်​ငံ အ​ရပ်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘု​ရင်​တို့၏​ဘု​ရင်​တည်း​ဟူ​သော မြောက်​မျက်​နှာ​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​ကို၊ မြင်း​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ လူ​များ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ တု​ရု​မြို့​သို့ ငါ​ဆောင်​ခဲ့​မည်။

သင်၏​မြို့​ရိုး တစ်​ဖက်​တစ်​ချက်၊ ဝက်​ခွ​တိုင်၌ တုံး​တို့​ကို ဆွဲ​ထား၍ သင်၏​ရဲ​တိုက်​တို့​ကို တူး​ရွင်း​နှင့် ဖြို​ချ​လိမ့်​မည်။

သင်၏​လမ်း​ပြ​မာ​လိန်​တို့​အော်​ဟစ်​သံ​ကြောင့်၊ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့​သည် လှုပ်​ရှား​ကြ​လိမ့်​မည်။

ထို​သို့​နှင့်​အ​ညီ တံ​ပိုး​ကို​မှုတ်၍၊ လူ​များ​တို့​သည် ကြွေး​ကြော်​ကြ၏။ တံ​ပိုး​သံ​ကို​ကြား၍ ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ​သော​အ​ခါ၊ မြို့​ရိုး​သည် အ​ကုန်​အ​စင်​ပြို​လဲ၍၊ လူ​များ​အ​ပေါင်း​တို့​သည် မြို့​ထဲ​သို့ တည့်​တည့်​ဝင်​ပြီး​လျှင် သိမ်း​ယူ​ကြ၏။

ယု​ဘိ​လ​တံ​ပိုး​တို့​ကို ရှည်​သော​အ​သံ​နှင့် မှုတ်၍၊ တံ​ပိုး​သံ​ကို​ကြား​လျှင် လူ​အ​ပေါင်း​တို့​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ မြို့​ရိုး​သည် အ​ကုန်​အ​စင် ပြို​လဲ​ရ​လိမ့်​မည်။ ထို​အ​ခါ လူ​များ​တို့​သည် တည့်​တည့်​တက်​ရ​ကြ​မည်​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ