အချင်းလူသား၊ သင်သည် အမ္မုန်အမျိုးသားတို့တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
သမီးအငယ်သည်လည်း သားကိုဖွား၍ ဗေနမ္မိအမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော အမ္မုန်အမျိုးသားတို့၏အဘဖြစ်သတည်း။
ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊
ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းပိုးတို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်းသို့ပေးလိုက်လော့။
သို့ဖြစ်၍ အိုလူသား၊ သူတို့တစ်ဖက်၌ ပရောဖက်ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။
အချင်းလူသား၊ တောင်ဘက်သို့မျက်နှာပြုလျက်၊ တောင်မျက်နှာတစ်ဖက်၌ မြွက်ဆို၍၊ တောင်ပြည်၌ရှိသော တောတစ်ဖက်၌ ဟောပြောလော့။
အချင်းလူသား၊ ယေရုရှလင်မြို့ကိုမျက်နှာပြုလျက်၊ သန့်ရှင်းသော အရပ်ဌာနတို့တစ်ဖက်၌ မြွက်ဆို၍ ဣသရေလပြည်တစ်ဖက်၌ ဟောပြောလော့။
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
အချင်းလူသား၊ သင်သည် ဇိဒုန်မြို့တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
အချင်းလူသား၊ သင်သည် စိရတောင်တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
အချင်းလူသား၊ သင်သည် ဣသရေလတောင်တို့ကို မျက်နှာပြု၍၊ သူတို့တစ်ဖက်၌ ပရောဖက်ပြုလော့။