ယေဇကျေလ 25:1Judson Bibleတစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ် ညည်းတွားသံကိုကြားသောသူတို့တွင်၊ နှစ်သိမ့်စေသောသူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်၌ ရောက်သောအမှုကို အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ကြားရကြပါပြီ။ ကိုယ်တော်ပြုတော်မူသည်ကို ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ချိန်းချက်သော နေ့ရက်ကို ရောက်စေတော်မူသောအခါ၊ သူတို့သည် အကျွန်ုပ်ကဲ့သို့ပင် ဖြစ်ကြပါစေသော။
ထိုပြည်၌ စိုးရိမ်စရာမရှိ။ အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်စိုက်ခြင်း အမှုကိုပြု၍ နေကြလိမ့်မည်။ သူတို့ ပတ်လည်၌နေ၍ မထီမဲ့မြင်ပြုသောသူအပေါင်းတို့ကို ငါသည် အပြစ်ဒဏ်စီရင်သောနောက် သူတို့သည် စိုးရိမ်စရာမရှိဘဲနေ၍၊ ငါသည် သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ မောဘပြည်နှင့် အမ္မုန်ပြည်သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဆူးပင်ပေါက်သောအရပ်၊ ဆားချက်ဖို့ မြေတူးရာအရပ်၊ အစဉ်အမြဲ ပျက်စီးရာအရပ် ဖြစ်၍၊ ကျန်ကြွင်းသော ငါ၏လူ၊ ငါ၏အမျိုးသားတို့သည် လုယူသိမ်းစားကြလိမ့်မည်။