Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 25:3

Judson Bible

ဆင့်​ဆို​ရ​မည်​မှာ၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရှုတ်​ချ​လျက်​ရှိ​သော ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း​ကောင်း၊ လူ​ဆိတ်​ညံ​ခြင်း​သို့​ရောက်​သော ဣ​သ​ရေ​လ​ပြည်​ကို​လည်း​ကောင်း၊ အေ့​ဟေ​ဟု သင်​ဆို​မိ​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​ကို​ပါး​စပ်​ဟ၍ အေ့​ဟေ၊ အေ့​ဟေ၊ ငါ​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​ပြီ​ဟု ဆို​ကြ​ပါ၏။

ဆင်း​ရဲ​သား​တို့​ကို မ​ထီ​လေး​စား​ပြု​သော​သူ​သည် ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို ကဲ့​ရဲ့၏။ သူ​တစ်​ပါး၌​ဘေး​ရောက်​လျှင် ဝမ်း​မြောက်​တတ်​သော​သူ​သည်​လည်း အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ။

ယေ​ရု​ရှ​လင်​မြို့​သည် ဆင်း​ရဲ​ငြို​ငြင်​ခြင်း​ကို ခံ​ရ​စဉ်​တွင်၊ အ​ရင်​ခံ​စား​ဖူး​သော စည်း​စိမ်​ကို အောက်​မေ့၏။ သူ၏​လူ​တို့​သည် ရန်​သူ​လက်​သို့​ရောက်၍ မ​စ​သော​သူ မ​ရှိ​သော​အ​ခါ၊ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည် သူ၏​အ​မှု​ကို​မြင်၍၊ သူ၏​ဆုံး​ခြင်း​ကို ကဲ့​ရဲ့​ကြ၏။

ဥ​ဇ​ပြည်၌​နေ​သော ဧ​ဒုံ​သ​တို့​သ​မီး၊ ဝမ်း​မြောက်​ရွှင်​လန်း​လော့။ ဖ​လား​တော်​သည် သင်​ရှိ​ရာ​သို့ ကူး​သွား​လိမ့်​မည်။ သင်​သည်​ယစ်​မူး၍ အ​ဝတ်​အ​ချည်း​စည်း ရှိ​ရ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း၊

သင်​သည် ဣ​သ​ရေ​လ​ပြည်​ကို မ​နာ​လို​သော​စိတ်​အား​ကြီး​လျက် လက်​ခုပ်​တီး​ခြင်း၊ ခြေ​နှင့်​ဆောင့်​ခြင်း​ကို ဝမ်း​မြောက်​စွာ ပြု​သော​ကြောင့်၊

တစ်​ဖန် မော​ဘ​ပြည်​နှင့် စိ​ရ​မြို့​က၊ ယု​ဒ​အ​မျိုး​သည် တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် တူ​သည်​ဟု​ဆို​သော​ကြောင့်၊

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရန်​သူ​က၊ အေ့​ဟေ၊ ထာ​ဝ​ရ​တောင်​တို့​သည် ငါ​တို့​လက်​သို့ ရောက်​ကြ​ပြီ​ဟု သင်​တို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊

အ​ချင်း​ရန်​သူ၊ ငါ့​အ​ပေါ်​မှာ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း မ​ရှိ​နှင့်။ ငါ​လဲ​သော်​လည်း ထ​ဦး​မည်။ မှောင်​မိုက်၌ ထိုင်​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း​ဖြစ်​တော်​မူ​လိမ့်​မည်။

မော​ဘ​အ​မျိုး​သား​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ငါ၏​လူ​မျိုး​ကို ကဲ့​ရဲ့​အ​ပြစ်​တင်၍၊ ငါ၏​လူ​နေ​ရာ​တစ်​ဖက်၌ ဝါ​ကြွား​သော​စ​ကား​ကို ငါ​ကြား​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး​သည် လယ်​လုပ်​ပြီး​မှ၊ မိ​ဒျန်​ပြည်​သား​နှင့် အာ​မ​လက်​ပြည်​သား အ​စ​ရှိ​သော အ​ရှေ့​ပြည်​သား​တို့​သည် ချီ​လာ၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ