Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:9

Judson Bible

ထို​ကြောင့်၊ သူ​တပ်​မက်​သော ရည်း​စား၊ အာ​ရှု​ရိ​လူ​တို့၌ သူ့​ကို​ငါ​အပ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ပေ​ကာ​လက်​ထက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​သည်​လာ၍ ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ​မြို့၊ ဟာ​ဇော်​မြို့​နှင့်​တ​ကွ ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​ပြည်​သား​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို မျက်​မှောက်​တော်​မှ ပယ်​ရှား​တော်​မ​မူ​မီ​တိုင်​အောင် သူ​တို့​သည် ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို မ​ရှောင်​ဘဲ​လိုက်​ကြ၏။ ထို​ကြောင့် နေ​ရင်း​ပြည်​မှ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား​ခြင်း​ကို ယ​နေ့​တိုင်​အောင်​ခံ​ရ​ကြ၏။

သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် ပု​လ​နှင့် ရှင်​ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​စိတ်​ကို နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊ နောက်​ရှင်​ဘု​ရင်​သည် ထို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဂေါ​ဇန်​မြစ်​နား၊ ဟေ​လ​မြို့၊ ဟာ​ဗော်​မြို့၊ ဟာ​ရ​မြို့​သို့ သိမ်း​သွား၍ ယ​နေ့​တိုင်​အောင်​နေ​ရာ​ချ​ထား၏။

ဖောက်​ပြန်​သော ဣ​သ​ရေ​လ​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍၊ မှား​ယွင်း​သော​အ​ပြစ်​များ​ကြောင့်၊ သူ​နှင့်​ငါ​ကွာ၍ ဖြတ်​စာ​ကို အပ်​သော်​လည်း၊ သ​စ္စာ​ပျက်​သော​ညီ​မ ယု​ဒ​သည်​လည်း၊ မ​ကြောက်​ဘဲ​သွား၍၊ ပြည့်​တန်​ဆာ​လုပ်​ကြောင်း​ကို ငါ​မြင်​ရ၏။

သင်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​သော​အ​ခါ အ​ဘယ်​သို့ ပြု​လိမ့်​မည်​နည်း။ နီ​မောင်း​သော​အ​ဝတ်​ကို ဝတ်​သော်​လည်း​ကောင်း၊ ရွှေ​တန်​ဆာ​ကို ဆင်​သော်​လည်း​ကောင်း၊ သင်၏​မျက်​နှာ​စုတ်​ပဲ့​သည်​တိုင်​အောင် ဆေး​သုတ်​သော်​လည်း​ကောင်း၊ သင်၏​တင့်​တယ်​ခြင်း​ကို အ​ချည်း​နှီး​ပြ၏။ သင်၏​ရည်း​စား​တို့​သည် သင့်​ကို​စွန့်၍၊ သင်၏​အ​သက်​ကို သတ်​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။

သင့်​ကို​ချစ်​သော ရည်း​စား​ရှိ​သ​မျှ​တို့​နှင့် သင်​ချစ်​သော​သူ၊ မုန်း​သော​သူ အ​ပေါင်း​တို့​ကို ငါ​စု​ဝေး​မည်။ သင့်​တစ်​ဖက်​ပတ်​လည်၌ စု​ဝေး​စေ၍၊ သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ငါ​ပြ​သ​ဖြင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သ​မျှ​ကို မြင်​ရ​ကြ​လိမ့်​မည်။

ထို​သို့ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ထင်​ရှား​ဖော်​ပြ​သော​ကြောင့်၊ ငါ​သည် သူ​အစ်​မ​ကို ရွံ​ရှာ​သ​ကဲ့​သို့၊ သူ့​ကို​လည်း​ရွံ​ရှာ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​ရွံ​ရှာ​သော​ရည်း​စား​တို့​ကို ငါ​ထ​စေ​ပြီး​လျှင်၊ အ​ရပ်​ရပ်​တို့​က​လာ၍ တိုက်​စေ​မည်။

အ​ထံ​တော်​သို့ မ​ပြန်​မ​လာ​ဟု သူ​သည် ငြင်း​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်၍​မ​သွား​ရ။ အာ​ရှု​ရိ​မင်း​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။

ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​သည် ပြည့်​တန်​ဆာ​ကို မုန်း၍ သူ၏​စည်း​စိမ်​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ၏​အ​ဝတ်​တန်​ဆာ​ကို ချွတ်၍ သူ၏​အ​သား​ကို ကိုက်​စား​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ