Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:10

Judson Bible

သူ​တို့​သည် အ​ဝတ်​ကို ချွတ်​ကြ၏။ သူ၏​သား​သ​မီး​တို့​ကို သိမ်း​သွား၍၊ သူ့​ကို ဓား​နှင့် ကွပ်​မျက်​ကြ၏။ ထို​သို့ အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ မိန်း​မ​တ​ကာ​တို့​တွင် ကျော်​စော​သော​မိန်း​မ​ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​သော​အ​ခါ အ​ဘယ်​သို့ ပြု​လိမ့်​မည်​နည်း။ နီ​မောင်း​သော​အ​ဝတ်​ကို ဝတ်​သော်​လည်း​ကောင်း၊ ရွှေ​တန်​ဆာ​ကို ဆင်​သော်​လည်း​ကောင်း၊ သင်၏​မျက်​နှာ​စုတ်​ပဲ့​သည်​တိုင်​အောင် ဆေး​သုတ်​သော်​လည်း​ကောင်း၊ သင်၏​တင့်​တယ်​ခြင်း​ကို အ​ချည်း​နှီး​ပြ၏။ သင်၏​ရည်း​စား​တို့​သည် သင့်​ကို​စွန့်၍၊ သင်၏​အ​သက်​ကို သတ်​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။

ထို​သို့ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ထင်​ရှား​ဖော်​ပြ​သော​ကြောင့်၊ ငါ​သည် သူ​အစ်​မ​ကို ရွံ​ရှာ​သ​ကဲ့​သို့၊ သူ့​ကို​လည်း​ရွံ​ရှာ၏။

သူ​တို့​သည် မုန်း​သည်​အ​တိုင်း​ပြု​လျက်၊ သင်​ကြိုး​စား၍ ဆည်း​ပူး​သ​မျှ​သော ဥ​စ္စာ​တို့​ကို​သိမ်း​ယူ၍၊ သင့်​ကိုယ်၌ အ​ဝတ်​မ​ရှိ၊ အ​ချည်း​စည်း ရှိ​ရစ်​စေ​ကြ​လိမ့်​မည်။ သင်​မှား​ယွင်း၍ အ​ချည်း​စည်း​ရှိ​ခြင်း၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်​သို့ လိုက်​ခြင်း​အ​ရာ​သည် ထင်​ရှား​ရ​လိမ့်​မည်။

ထို​သို့ အ​ခြား​သော မိန်း​မ​ရှိ​သ​မျှ​တို့​သည် သင်​တို့​ကဲ့​သို့ အ​ဓ​မ္မ​အ​မှု​ကို​မ​ပြု​ဘဲ သ​တိ​ရ​စေ​ခြင်း​ငှာ၊ သင်​တို့ အ​ဓ​မ္မ​အ​မှု​ကို တစ်​ပြည်​လုံး၌ ငါ​ပယ်​ရှင်း​မည်။

ယ​ခု​ပင် သူ၏​ရည်း​စား​များ​ရှေ့၌ သူ့​အ​ဝတ်​ကို ငါ​လှစ်​လှန်၍ အ​ရှက်​ခွဲ​မည်။ ငါ့​လက်​မှ အ​ဘယ်​သူ​မျှ သူ့​ကို​မ​နုတ်​ရ။

မ​ရှောင်​လျှင် သူ၏​အ​ဝတ်​ရှိ​သ​မျှ​ကို ငါ​ချွတ်၍၊ သူ​ဖွား​သော​နေ့၌ အ​ဝတ်​မ​ရှိ​သ​ကဲ့​သို့ အ​ဝတ်​မ​ပါ၊ ပြင်၌ ထုတ်​ထား​မည်။ လွင်​ပြင်​ကဲ့​သို့ သုတ်​သင်​မည်။ သွေ့​ခြောက်​သော မြေ​ကဲ့​သို့ ဖြစ်​စေ​လျက် ရေ​အ​ငတ်​ထား၍ သေ​စေ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ