Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:8

Judson Bible

အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ သူ​နှင့်​သင့်​နေ၍၊ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​သ​ဖြင့်၊ အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ အဲ​ဂု​တ္တု​မေ​ထုန်​ကို​လည်း မ​စွန့်​ပစ်၊ မှီ​ဝဲ​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​နှင့်​တိုင်​ပင်၍ ရွှေ​နွား​သ​ငယ်​နှစ်​ကောင်​ကို​လုပ်​ပြီး​လျှင်၊ သင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​သော​အ​မှု​ခက်​လှ၏။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​ဘု​ရား​တို့​ကို ကြည့်​ရှု​ကြ​လော့​ဟု ဆို​လျက်၊

သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား​ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​တည်း​ဟူ​သော၊ ဗေ​သ​လ​မြို့​နှင့် ဒန်​မြို့​မှာ​ရှိ​သော ရွှေ​နွား​သ​ငယ်​တို့​ကို မ​စွန့်။

မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စွန့်၍ နွား​သ​ငယ်​တည်း​ဟူ​သော သွန်း​သော​ရုပ်​တု​နှင့် အာ​ရှ​ရ​ပင်​ကို လုပ်​ကြ၏။ မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို ကိုး​ကွယ်၍ ဗာ​လ​ဘု​ရား​ကို​လည်း​ဝတ်​ပြု​ကြ၏။

အာ​ရုန်​သည်​လည်း​လက်​ခံ၍၊ နွား​သ​ငယ်​ရုပ်​ပုံ​သ​ဏ္ဌာန်​ကို က​ညစ်​နှင့်​ရေး​သား​ပြီး​လျှင် သွန်း​လေ၏။ လူ​များ​တို့​က​လည်း အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်၏​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဆို​ကြ၏။

သင်​တို့​အ​သီး​အ​သီး ဖူး​မျှော်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​ရာ​တို့​ကို စွန့်​ပစ်​ကြ​လော့။ အဲ​ဂု​တ္တု​ရုပ်​တု​တို့​နှင့် ကိုယ်​ကို​ကိုယ် မ​ညစ်​ညူး​စေ​ကြ​နှင့်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု ငါ​ဆို​သော်​လည်း၊

အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ မှား​ယွင်း​သော​ကာ​လ​ကို အောက်​မေ့​သ​ဖြင့်၊ မှား​ယွင်း​ခြင်း​ကို အ​ထပ်​ထပ်​ပြု၏။

သို့​ဖြစ်၍၊ အို အ​ဟော​လိ​ဗ၊ အဲ​ဂု​တ္တု​လူ​တို့​သည် သင့်​အ​သ​ရေ​ကို​ရှုတ်​ချ၍၊ အ​ပျို​မ​သား​မြတ်​တို့​ကို ပွတ်​နယ်​ကြ​သ​ဖြင့်၊ သင်​အ​သက်​ငယ်​စဉ်​အ​ခါ သင်​ပြု​သော​အ​ဓ​မ္မ​အ​မှု​ကို အ​ထပ်​ထပ်​ပြု​သော​ကြောင့်၊

သူ​တို့​သည် အ​သက်​ငယ်​စဉ်​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ၏။ ထို​ပြည်၌ သူ​တို့၏​သား​မြတ်​ကို ပွတ်​နယ်၍ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​ကြ၏။

ထို​ခွက်​ကို သောက်၍​စုတ်​ပြီး​မှ ခွက်​ခြမ်း​ကို ကိုက်​ခဲ၍၊ ကိုယ်​သား​မြတ်​တို့​ကို ဆွဲ​ဖြတ်​ရ​လိမ့်​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော သော​ဒုံ​ဟူ၍​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ဟူ၍​လည်း​ကောင်း အ​တွင်း​အ​နက်​အား​ဖြင့် ခေါ်​ဝေါ်​သော မြို့​ကြီး၏​လမ်း၌ အ​လောင်း​ကောင်​တို့​သည် နေ​ရစ်​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ