ထိုအာရှုရိ လူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသောမေထုန်ကို ပြု၏။ တပ်မက်သောသူအပေါင်းတို့၏ ရုပ်တုများနှင့် ကိုယ်ကို ညစ်ညူးစေ၏။
ရှေမသားကား၊ ဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒ၊ အာရံတည်း။
သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍၊ ကိုယ်အမှုတို့တွင် မှားယွင်းကြ၏။
သို့ရာတွင်၊ သင်သည် ကိုယ်လှသောအဆင်းကိုကိုးစား၍၊ ဂုဏ်အသရေ ကျော်စောသောကြောင့်၊ ပြည့်တန်ဆာလုပ်၍၊ ခရီးသွားသောသူ အပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြားပြုသဖြင့်၊ ယောက်ျားတိုင်း အခွင့်ရ၏။
သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ်ရွံရှာဖွယ်အရာတို့ကို စွန့်ပစ်ကြလော့။ အဲဂုတ္တုရုပ်တုတို့နှင့် ကိုယ်ကိုကိုယ် မညစ်ညူးစေကြနှင့်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု ငါဆိုသော်လည်း၊
သင်သည် တစ်ပါးအမျိုးသားတို့နှင့် မှားယွင်း၍၊ သူတို့ရုပ်တုများနှင့် ညစ်ညူးသောကြောင့်၊ ထိုသို့ ငါစီရင်မည်။
ဧဖရိမ်ကိုငါသိ၏။ ဣသရေလသည်လည်း ငါ့ရှေ့မှ ပုန်းရှောင်၍မနေနိုင်။ ယခုပင် အို ဧဖရိမ်၊ သင်သည်မှားယွင်း၍ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။
အကယ်စင်စစ် အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက်ဖွယ်သောအမှုကို ဣသရေလအမျိုး၌ ငါမြင်ပြီ။ ထိုအမျိုး၌ ဧဖရိမ်သည် မှားယွင်းတတ်၏။ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။