Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:4

Judson Bible

အစ်​မ​ကား၊ အ​ဟော​လ၊ ညီ​မ​ကား အ​ဟော​လိ​ဗ အ​မည်​ရှိ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် ငါ၏​ခင်​ပွန်း​ဖြစ်၍ သား​သ​မီး​တို့​ကို ဖွား​မြင်​ကြ၏။ အ​ဟော​လ​အ​မည်​သည် ရှ​မာ​ရိ​ဟူ၍​လည်း​ကောင်း၊ အ​ဟော​လိ​ဗ​အ​မည်​သည် ယေ​ရု​ရှ​လင်​ဟူ၍​လည်း​ကောင်း ဆို​လို​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ယေ​ရော​ဗောင်​ပြန်​လာ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား​သော​အ​ခါ၊ လူ​ကို​စေ​လွှတ်၍၊ ယေ​ရော​ဗောင်​ကို စည်း​ဝေး​ရာ​ပ​ရိ​သတ်​ထံ​သို့ ခေါ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ယု​ဒ​အ​မျိုး​မှ​တစ်​ပါး အ​ဘယ်​အ​မျိုး​မျှ ဒါ​ဝိဒ်​မင်း​မျိုး​သို့ မ​ဆည်း​ကပ်။

ဤ​မည်​သော​အ​ရပ်၌ ငါ့​နာ​မ​တည်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​ရပ်​ဌာ​န​နှင့် ဤ​အိမ်​တော်​ကို နေ့​ည​မ​ပြတ်​ကြည့်​ရှု၍၊ ကိုယ်​တော်​ကျွန်​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။

ယေ​ရု​ရှ​လင်​မြို့​မှာ တဲ​တော်​ရှိ၏။ ဇိ​အုန်​တောင်​မှာ ကျိန်း​ဝပ်​လျက် နေ​တော်​မူ၏။

ယော​ရှိ​မင်း​ကြီး​လက်​ထက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ဖောက်​ပြန်​သော ဣ​သ​ရေ​လ​အ​မျိုး ပြု​သော​အ​မှု​ကို သင်​မြင်​ပြီ​လော။ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်​သို့​တက်၍​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း ပြည့်​တန်​ဆာ​လုပ်​လေ​ပြီ။

သူ​သည် ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ပြီး​မှ၊ ငါ့​ထံ​သို့ ပြန်​လာ​ပါ​ဟု ငါ​ပြော​သော်​လည်း၊ သူ​သည် ပြန်၍​မ​လာ။ ထို​အ​မှု​ကို သူ၏​ညီ​မ၊ သ​စ္စာ​ပျက်​သော​ညီ​မ​ယု​ဒ​သည် ကြည့်​မြင်​လေ၏။

ထို​မှ​တစ်​ပါး၊ သင်​ဖွား​သော ငါ၏​သား​သ​မီး​တို့​ကို​ယူ၍၊ ထို​ရုပ်​တု​တို့​အား ကျွေး​မွေး​ခြင်း​ငှာ ယဇ်​ပူ​ဇော်​လေ​ပြီ။

လူ​အ​လုံး​အ​ရင်း​ကို​လည်း ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ခဲ​နှင့်​ပစ်၍၊ ဓား​နှင့်​ခုတ်​ကြ​လိမ့်​မည်။

သင့်​အစ်​မ​သည် မိ​မိ​သ​မီး​တို့​နှင့်​တ​ကွ သင့်​လက်​ဝဲ​ဘက်၌​နေ​သော ရှ​မာ​ရိ​မြို့​ဖြစ်၏။ သင့်​ထက် အ​သက်​ငယ်​သော သင်၏​ညီ​မ​သည် မိ​မိ​သ​မီး​တို့​နှင့်​တ​ကွ သင့်​လက်​ယာ​ဘက်၌​နေ​သော သော​ဒုံ​မြို့​ဖြစ်၏။

တစ်​ဖန် ငါ​သည်​လျှောက်​သွား၍ သင့်​ကို​မြင်​သော​အ​ခါ၊ သင်၌ ချစ်​လို​ဖွယ်​သော အ​ချိန်​အ​ရွယ်​ရှိ​သော​ကြောင့်၊ ငါ​သည် ကိုယ်​အ​ဝတ်​စွန်း​ကို ဖြန့်၍၊ သင်၌ အ​ချည်း​စည်း​ရှိ​ခြင်း​ကို ဖုံး​အုပ်၏။ ကျိန်​ဆို​ခြင်း​ကို​လည်း ပြု၍၊ သင်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​သ​ဖြင့်၊ သင်​သည် ငါ၏​ခင်​ပွန်း ဖြစ်​လေ၏။

သူ​တို့​သည် အ​သက်​ငယ်​စဉ်​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ၏။ ထို​ပြည်၌ သူ​တို့၏​သား​မြတ်​ကို ပွတ်​နယ်၍ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​ကြ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ အ​ချင်း​လူ​သား၊ သင်​သည်​အ​ဟော​လ​နှင့် အ​ဟော​လိ​ဗ​တို့​ကို စစ်​ကြော​လော့။ အ​ကယ်​စင်​စစ် သူ​တို့​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ဖော်​ပြ​ရ​မည်။

ပြည့်​တန်​ဆာ​မိန်း​မ​ရှိ​ရာ​သို့ ယောက်ျား​ဝင်​တတ်​သ​ကဲ့​သို့၊ သူ​တို့​သည် ထို​အ​ဓ​မ္မ​မိန်း​မ​အ​ဟော​လ​နှင့် အ​ဟော​လိ​ဗ​ရှိ​ရာ​သို့ ဝင်​ကြ၏။

အ​ဟော​လ​သည် ငါ၏​ခင်​ပွန်း​ဖြစ်​စဉ်​အ​ခါ၊ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၏။

ဟော​ရှေ​သည်​သွား၍ ဒိ​ဗ​လိမ်​သ​မီး​ဂေါ​မာ​ကို သိမ်း​ပိုက်​သ​ဖြင့်၊ သူ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဟော​ရှေ၌ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။

သူ​သည် ရည်း​စား​တို့​ကို လိုက်​သော်​လည်း မ​မီ၊ ရှာ​သော်​လည်း မ​တွေ့​ဘဲ​နေ​ရ​သော​အ​ခါ၊ လင်​ဟောင်း​ထံ​သို့ ငါ​ပြန်​သွား​မည်။ ယ​ခု​နေ​ရာ​ထက် အ​ရင်​နေ​ရာ သာ၍​ကောင်း​သည်​ဟု ဆို​လိမ့်​မည်။

သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​တို့၌ ကယ်​တင်​ခြင်း​အ​ကြောင်း​ရှိ၏။-

ထို​နည်း​တူ၊ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ခြား​သော သူ​တည်း​ဟူ​သော၊ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သော သူ၏​မ​ယား​ဖြစ်၍၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ တိုး​ပွား​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​ကိုယ်​ခ​န္ဓာ​အား​ဖြင့်​သေ၍ ပ​ညတ်​တ​ရား​နှင့် ကွာ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ