Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:3

Judson Bible

သူ​တို့​သည် အ​သက်​ငယ်​စဉ်​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ၏။ ထို​ပြည်၌ သူ​တို့၏​သား​မြတ်​ကို ပွတ်​နယ်၍ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သူ​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍ အ​လွန်​လော်​လည်​သော​အား​ဖြင့် ပြည်​ကို​ညစ်​ညူး​စေ၍၊ ကျောက်​နှင့်​လည်း​ကောင်း၊ သစ်​တုံး​နှင့်​လည်း​ကောင်း မှား​ယွင်း​လေ၏။

သို့​ရာ​တွင်၊ သင်​သည် ကိုယ်​လှ​သော​အ​ဆင်း​ကို​ကိုး​စား၍၊ ဂုဏ်​အ​သ​ရေ ကျော်​စော​သော​ကြောင့်၊ ပြည့်​တန်​ဆာ​လုပ်၍၊ ခ​ရီး​သွား​သော​သူ အ​ပေါင်း​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို အ​နှံ့​အ​ပြား​ပြု​သ​ဖြင့်၊ ယောက်ျား​တိုင်း အ​ခွင့်​ရ၏။

သင်​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​အ​ပေါင်း​တို့​ကို​ပြု​စဉ်​တွင်၊ အ​ရွယ်​ငယ်​သော​အ​ခါ အ​ဝတ်​မ​ရှိ၊ အ​ချည်း​စည်း​ရှိ​ကြောင်း၊ ကိုယ်​အ​သွေး၌ လူး​လဲ​လျက်​နေ​ကြောင်း​ကို မ​အောက်​မေ့​ပါ​တ​ကား။

သင်​တို့​အ​သီး​အ​သီး ဖူး​မျှော်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​ရာ​တို့​ကို စွန့်​ပစ်​ကြ​လော့။ အဲ​ဂု​တ္တု​ရုပ်​တု​တို့​နှင့် ကိုယ်​ကို​ကိုယ် မ​ညစ်​ညူး​စေ​ကြ​နှင့်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု ငါ​ဆို​သော်​လည်း၊

သူ​တို့​သည် နား​မ​ထောင်၊ ငါ့​ကို​ပုန်​ကန်​ကြ၏။ အ​သီး​အ​သီး​ဖူး​မြင်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​ရာ​တို့​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ရုပ်​တု​တို့​ကို​လည်း​ကောင်း၊ မ​စွန့်​ပစ်​ဘဲ​နေ​ကြ၏။ ထို​ကြောင့်၊ သူ​တို့၌ ငါ့​ဒေါ​သ​စိတ်​ပြေ​မည်​အ​ကြောင်း၊ အဲ​ဂု​တ္တု​ပြည်​ထဲ​မှာ သူ​တို့​အ​ပေါ်​သို့ ငါ့​အ​မျက်​အ​ရှိန်​ကို သွန်း​လောင်း​မည်​ဟု ငါ​အ​ကြံ​ရှိ၏။

အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ မှား​ယွင်း​သော​ကာ​လ​ကို အောက်​မေ့​သ​ဖြင့်၊ မှား​ယွင်း​ခြင်း​ကို အ​ထပ်​ထပ်​ပြု၏။

သို့​ဖြစ်၍၊ အို အ​ဟော​လိ​ဗ၊ အဲ​ဂု​တ္တု​လူ​တို့​သည် သင့်​အ​သ​ရေ​ကို​ရှုတ်​ချ၍၊ အ​ပျို​မ​သား​မြတ်​တို့​ကို ပွတ်​နယ်​ကြ​သ​ဖြင့်၊ သင်​အ​သက်​ငယ်​စဉ်​အ​ခါ သင်​ပြု​သော​အ​ဓ​မ္မ​အ​မှု​ကို အ​ထပ်​ထပ်​ပြု​သော​ကြောင့်၊

ထို​ခွက်​ကို သောက်၍​စုတ်​ပြီး​မှ ခွက်​ခြမ်း​ကို ကိုက်​ခဲ၍၊ ကိုယ်​သား​မြတ်​တို့​ကို ဆွဲ​ဖြတ်​ရ​လိမ့်​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အစ်​မ​ကား၊ အ​ဟော​လ၊ ညီ​မ​ကား အ​ဟော​လိ​ဗ အ​မည်​ရှိ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် ငါ၏​ခင်​ပွန်း​ဖြစ်၍ သား​သ​မီး​တို့​ကို ဖွား​မြင်​ကြ၏။ အ​ဟော​လ​အ​မည်​သည် ရှ​မာ​ရိ​ဟူ၍​လည်း​ကောင်း၊ အ​ဟော​လိ​ဗ​အ​မည်​သည် ယေ​ရု​ရှ​လင်​ဟူ၍​လည်း​ကောင်း ဆို​လို​သ​တည်း။

ငါ​က​လည်း၊ ထို​သူ​တို့​သည် ဤ​မိန်း​မ​နှင့်​ပင် အ​ကယ်၍ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​လိမ့်​မည်​လော​ဟု၊ အို​သည်​တိုင်​အောင် ပြည့်တန်​ဆာ​လုပ်​သော ထို​မိန်း​မ​ကို ရည်​မှတ်၍​ဆို​သော်၊

အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ သူ​နှင့်​သင့်​နေ၍၊ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​သ​ဖြင့်၊ အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ အဲ​ဂု​တ္တု​မေ​ထုန်​ကို​လည်း မ​စွန့်​ပစ်၊ မှီ​ဝဲ​လျက်​နေ၏။

သင်​သွား၍ ပြည့်​တန်​ဆာ​မိန်း​မ​နှင့်​တ​ကွ သူ​ဖွား​မြင်​သော သား​သ​မီး​တို့​ကို သိမ်း​ပိုက်​လော့။ အ​ကြောင်း​မူ​ကား၊ ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်၍ အ​ထပ်​ထပ်​မှား​ယွင်း​ကြ​ပြီ​ဟု ဟော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊

တော​တစ်​ဖက်၌ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​လည်း​ကောင်း၊ အာ​ခေါ်​ချိုင့်၌ မျှော်​လင့်​ရာ​တံ​ခါး​ကို​လည်း​ကောင်း ငါ​ပေး​မည်။ သူ​သည် အ​သက် ငယ်​စဉ်​ကာ​လ၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သီ​ချင်း​ဆို​သ​ကဲ့​သို့၊ တော​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ သီ​ချင်း​ဆို​ရ​လိမ့်​မည်။

သူ​တို့​သည် အ​ထက်​က​မှား​ယွင်း​သ​ကဲ့​သို့ နောက်​တစ်​ဖန် နတ်​ဆိုး​တို့​အား​ယဇ်​မ​ပူ​ဇော်​ရ။ ဤ​ပ​ညတ်​သည် သူ​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​တော် ဖြစ်​သ​တည်း။

သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ပေါင်း​ဖော်​သော​သူ၊ ခ​ရီး​သွား၍ လမ်း၌​တွေ့​ကြုံ​သော လူ​မျိုး​တို့​ကို သင်​တို့​သိ​ကြ၏။

ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍ ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့်​တ​ကွ ဝတ်​ပြု​ကြ​လော့။ မြစ်​ကြီး​တစ်​ဖက်၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော ဘု​ရား​များ​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​ကြ​လော့။

သူ​တို့​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော သော​ဒုံ​ဟူ၍​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ဟူ၍​လည်း​ကောင်း အ​တွင်း​အ​နက်​အား​ဖြင့် ခေါ်​ဝေါ်​သော မြို့​ကြီး၏​လမ်း၌ အ​လောင်း​ကောင်​တို့​သည် နေ​ရစ်​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ