Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:5

Judson Bible

အ​ဟော​လ​သည် ငါ၏​ခင်​ပွန်း​ဖြစ်​စဉ်​အ​ခါ၊ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တိုင်​ပြစ်​မှား၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်၏​အ​ပြစ်​တို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​ကို စွန့်​ပစ်​တော်​မူ​မည်​ဟု ဆင့်​ဆို​လေ၏။

သင်​မူ​ကား သင့်​ရှေ့​မှာ ဖြစ်​ဖူး​သော​သူ အ​ပေါင်း​တို့​ကို​လွန်၍ ဒု​စ​ရိုက်​ကို​ပြု​လေ​ပြီ။ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ အ​ခြား​တစ်​ပါး​သော​ဘု​ရား​နှင့် သွန်း​သော​ရုပ်​တု​တို့​ကို​လုပ်၍ ငါ့​ကို​သင့်​ကျော​နောက်​သို့ ပစ်​ထား​ပြီ။

ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ခ​မည်း​တော်​လိုက်​သော​လမ်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော​လမ်း​သို့ လိုက်​လေ၏။

အ​ကြောင်း​မူ​ကား၊ ယေ​ရော​ဗောင်​သည် ကိုယ်​တိုင်​ပြစ်​မှား​သော​အ​ပြစ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း ပြစ်​မှား​စေ​သော​အ​ပြစ်​အား​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကို နှိုး​ဆော်​သော​အ​ကြောင်း​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော အာ​မော​ရိ​အ​မျိုး​သား ပြု​သ​မျှ​အ​တိုင်း၊ ရုပ်​တု​ဆင်း​တု​ကို​ဆည်း​ကပ်၍ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​ကို​ပြု၏။

အာ​ရှု​ရိ​ရှင်​ဘု​ရင်​ပု​လ​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ၏။ မေ​န​ဟင်​သည် မိ​မိ​အာ​ဏာ​တည်​စေ​မည်​အ​ကြောင်း၊ ပု​လ​မင်း​မ​စ​စေ​ခြင်း​ငှာ၊ ငွေ​အ​ခွက်​တစ်​သောင်း​ကို​ဆက်​ရ၏။

ထို​ကြောင့် အာ​ခတ်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​ထံ​သို့ သံ​တ​မန်​ကို​စေ​လွှတ်၍၊ ကျွန်ုပ်​သည် ကိုယ်​တော်​သား၊ ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏။ လာ​ပါ။ ကျွန်ုပ်​ကို​ရန်​ဘက်​ပြု​သော ရှု​ရိ​ရှင်​ဘု​ရင်​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လက်​မှ ကယ်​ယူ​ပါ​ဟု တောင်း​ပန်၏။

ထို​မင်း​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင် ရှာ​လ​မ​နေ​ဇာ​သည်​စစ်​ချီ၍ ဟော​ရှေ​သည်​ကျွန်​ခံ​သ​ဖြင့် အ​ခွန်​ဆက်​ရ၏။

ခန်း​ခြောက်​ခြင်း​ဘေး​သည် မြို့၏​ရေ​တို့​အ​ပေါ်​သို့ ရောက်၍ ခန်း​ခြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​ပြည်​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ၏။ ပြည်​သား​တို့​သည် ဆင်း​တု​တို့​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ကြ၏။

သင်​သည် ကိ​လေ​သာ​စိတ် မ​ပြေ​သော​ကြောင့်၊ အာ​ရှု​ရိ​လူ​တို့​နှင့်​လည်း မှား​ယွင်း​လေ၏။ ထို​သို့ မှား​ယွင်း​သော်​လည်း စိတ်​မ​ပြေ​နိုင်။

သင့်​ကို​ချစ်​သော ရည်း​စား​ရှိ​သ​မျှ​တို့​နှင့် သင်​ချစ်​သော​သူ၊ မုန်း​သော​သူ အ​ပေါင်း​တို့​ကို ငါ​စု​ဝေး​မည်။ သင့်​တစ်​ဖက်​ပတ်​လည်၌ စု​ဝေး​စေ၍၊ သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ငါ​ပြ​သ​ဖြင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သ​မျှ​ကို မြင်​ရ​ကြ​လိမ့်​မည်။

တင့်​တယ်​သော အ​ဝတ်​ကို​ဝတ်​သော မိ​မိ​အိမ်​နီး​ချင်း အာ​ရှု​ရိ​အ​မျိုး​သား​ဗိုလ်​မင်း၊ ဝန်​မင်း၊ ချစ်​ဖွယ်​သော​လူ​ပျို၊ မြင်း​စီး​သူ​ရဲ​တို့​ကို တပ်​မက်၏။

တပ်​မက်​သော​စိတ်​ရှိ၍၊ ခါ​လ​ဒဲ​ပြည်​သို့ တ​မန်​ကို​စေ​လွှတ်​လေ၏။

မြည်း​အင်္ဂါ​နှင့်​တူ​သော​အင်္ဂါ၊ မြင်း​သုက်​ရည်​နှင့်​တူ​သော သုက်​ရည်​ရှိ​သော ထို​ရည်း​စား​တို့​ကို​ပင် တပ်​မက်​လေ​သည်​တ​ကား။

အစ်​မ​ကား၊ အ​ဟော​လ၊ ညီ​မ​ကား အ​ဟော​လိ​ဗ အ​မည်​ရှိ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် ငါ၏​ခင်​ပွန်း​ဖြစ်၍ သား​သ​မီး​တို့​ကို ဖွား​မြင်​ကြ၏။ အ​ဟော​လ​အ​မည်​သည် ရှ​မာ​ရိ​ဟူ၍​လည်း​ကောင်း၊ အ​ဟော​လိ​ဗ​အ​မည်​သည် ယေ​ရု​ရှ​လင်​ဟူ၍​လည်း​ကောင်း ဆို​လို​သ​တည်း။

ထို​အာ​ရှု​ရိ လူ​ကောင်း​လူ​မြတ်​အ​ပေါင်း​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို ပြု၏။ တပ်​မက်​သော​သူ​အ​ပေါင်း​တို့၏ ရုပ်​တု​များ​နှင့် ကိုယ်​ကို ညစ်​ညူး​စေ၏။

ထို​ကြောင့်၊ သူ​တပ်​မက်​သော ရည်း​စား၊ အာ​ရှု​ရိ​လူ​တို့၌ သူ့​ကို​ငါ​အပ်၍၊

နွား​သ​ငယ်​နှင့်​အ​တူ အာ​ရှု​ရိ​ပြည်​သို့ ယူ​သွား​ပြီး​လျှင်၊ ရှင်​ဘု​ရင်​ယာ​ရက်​အား ဆက်​ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​သည် အ​သ​ရေ​ပျက်၍ ဣ​သ​ရေ​လ​သည် မိ​မိ​အ​ကြံ​အ​စည်​အား​ဖြင့် ရှက်​ကြောက်​ရ​လိမ့်​မည်။

ဧ​ဖ​ရိမ်​သည် လေ​ကို ကျက်​စား​တတ်၏။ အ​ရှေ့​လေ​ကို လိုက်​တတ်၏။ နေ့​တိုင်း မု​သား​စ​ကား​နှင့် ပျက်​စီး​ခြင်း​အ​ကြောင်း​တို့​ကို များ​ပြား​စေ​တတ်၏။ အာ​ရှု​ရိ​လူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်​နှင့်​ပင်၊ အဲ​ဂု​တ္တု​ပြည်​သို့ ဆီ​ကို ယူ​သွား​တတ်၏။

ဧ​ဖ​ရိမ်​သည် မိ​မိ​အ​ပေါက်​တို့​ကို​လည်း​ကောင်း၊ ယု​ဒ​သည် မိ​မိ​အ​နာ​ကို​လည်း​ကောင်း မြင်​သော​အ​ခါ၊ ဧ​ဖ​ရိမ်​သည် အာ​ရှု​ရိ​မင်း​ထံ​သို့ သွား၍၊ ယု​ဒ​သည် ရှင်​ဘု​ရင်​ယာ​ရက်​ထံ​သို့ စေ​လွှတ်​သော်​လည်း၊ ထို​မင်း​တို့​သည် သင်​တို့​အ​ပေါက်​ကို မ​ဖာ​နိုင်၊ အ​နာ​ကို​လည်း မ​ပျောက်​စေ​နိုင်​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ