တစ်စုံတစ်ခုကိုလုပ်အံ့သောငှာ စပျစ်နွယ်သားကို ယူတတ်သလော။ တစ်စုံတစ်ခုကို ဆွဲထားစရာတံစို့ကို စပျစ်နွယ်သားဖြင့် လုပ်တတ်သလော။
မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့၊ ငါသည် ယုဒရှင်ဘုရင်ဇေဒကိမှစ၍၊ မှူးတော်မတ်တော်၊ ဤပြည်၌ ကျန်ကြွင်းသော ယေရုရှလင်မြို့သား၊ အဲဂုတ္တုပြည်၌နေသော အမျိုးသားတို့ကို ဖြစ်စေမည်။
အချင်းလူသား၊ သစ်တော၌ သစ်ခက် သာမညဖြစ်သော စပျစ်နွယ်သားသည် အခြားသောသစ်သားထက် မြတ်သောအရာ တစ်စုံတစ်ခုရှိသလော။
ထင်းဖို့ မီးထဲသို့ချတတ်၏။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ်၏။ အသုံးဝင်တတ်သလော။
သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ပစ်လိုက်၍ ကျော်နင်းခြင်းမှတစ်ပါး အဘယ်အသုံးမျှမဝင်။-
ဆားသည်ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင်၊ ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ သင်တို့၌ ဆားရှိစေကြလော့။ အချင်းချင်း အသင့်အတင့်နေကြလော့ဟု မိန့်တော်မူ၏။
ထိုအခါ ဟေဗာမယားယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင်၊ တဲတံသင်တစ်ချောင်းနှင့် လက်ရိုက်ကိုကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာသွား၍ တံသင်ကို မြေ၌စွဲစေသည်တိုင်အောင် သူ၏နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ၏။