Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 15:2

Judson Bible

အ​ချင်း​လူ​သား၊ သစ်​တော၌ သစ်​ခက် သာ​မ​ည​ဖြစ်​သော စ​ပျစ်​နွယ်​သား​သည် အ​ခြား​သော​သစ်​သား​ထက် မြတ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သင်္ဘော​သ​ဖန်း​ပင်​သည် စိမ်း​သော​အ​သီး​ကို မှည့်​စေ၏။ စ​ပျစ်​နွယ်​ပင်​လည်း ပွင့်​လျက် မွှေး​ကြိုင်၏။ ငါ​ချစ်​သော​နှ​မ၊ ငါ၏​မိန်း​မ​လှ၊ ထ၍​လာ​ခဲ့​ပါ။

စ​ပျစ်​နွယ်​ပင်​တို့​ကို ဖျက်​လ​တ္တံ့​သော မြေ​ခွေး​များ​နှင့် မြေ​ခွေး​က​လေး​များ​ကို ငါ​တို့​ဖို့ ဖမ်း​ကြ​လော့။ ငါ​တို့ စ​ပျစ်​နွယ်​ပင်​တို့​သည် အ​ပွင့်​ပွင့်​လျက်​ရှိ​ကြ၏။

ချိုင့်​ထဲ​မှာ သစ်​သီး​များ​ကို ကြည့်​ရှု၍၊ စ​ပျစ်​နွယ်​ပင် သန်​သည် မ​သန်​သည်​ကို​လည်း​ကောင်း၊ သ​လဲ​ပင်​ပွင့်​သည် မ​ပွင့်​သည်​ကို​လည်း​ကောင်း သိ​ခြင်း​ငှာ၊ ငါ​ပြု​စု​သော ဥ​ယျာဉ်​သို့ ငါ​ဆင်း​သွား၏။

နံ​နက်​စော​စော​ထ၍ စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ​ကုန်​အံ့။ စ​ပျစ်​နွယ်​ပင် သန်​သည် မ​သန်​သည်​ကို​လည်း​ကောင်း၊ အ​ပွင့်​များ​သည် မ​များ​သည်​ကို​လည်း​ကောင်း၊ သ​လဲ​ပင်​ပွင့်​သည် မ​ပွင့်​သည်​ကို​လည်း​ကောင်း၊ ကြည့်​ရှု​ကြ​ကုန်​အံ့၊ ထို​အ​ရပ်၌ ကျွန်​မ၏​မေ​တ္တာ​ကို ကိုယ်​တော်၌ အပ်​ပေး​ပါ​မည်။

အို မိုး​ကောင်း​ကင်​တို့၊ သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ပြီ။ မြေ​ကြီး​အောက်​အ​ရပ်​တို့၊ ကြွေး​ကြော်​ကြ​လော့။ တောင်​များ၊ တော​နှင့်​တ​ကွ သစ်​ပင်​များ​တို့၊ ကျူး​ဧ​သော​အ​သံ​ကို ပေး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​ကို ရွေး​နုတ်​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ပြီ။

အ​ကောင်း​ဆုံး​သော စ​ပျစ်​နွယ်​ပင်​အ​မျိုး​စစ်​ဖြစ်​သော သင့်​ကို ငါ​စိုက်​ပျိုး​သော်​လည်း၊ သင်​သည် ငါ့​ရှေ့​မှာ အ​ဘယ်​မျှ​လောက် ဖောက်​ပြန်၍၊ အ​မျိုး​မ​စစ်​သော စ​ပျစ်​နွယ်​ပင် ဖြစ်​ပါ​သည်​တ​ကား။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

တစ်​စုံ​တစ်​ခု​ကို​လုပ်​အံ့​သော​ငှာ စ​ပျစ်​နွယ်​သား​ကို ယူ​တတ်​သ​လော။ တစ်​စုံ​တစ်​ခု​ကို ဆွဲ​ထား​စ​ရာ​တံ​စို့​ကို စ​ပျစ်​နွယ်​သား​ဖြင့် လုပ်​တတ်​သ​လော။

သို့​ရာ​တွင်၊ ဒေါ​သ​အ​ရှိန်​အား​ဖြင့် နုတ်၍ မြေ​ပေါ်​မှာ လှဲ​ချ​လေ​ပြီ။ အ​ရှေ့​လေ​သည်​တိုက်၍ အ​သီး​ကို ပိန်​ခြောက်​စေ၏။ ခိုင်​ခံ့​သော​တံ​ဖျာ​တို့​သည်​ကျိုး၍ သွေ့​ခြောက်​သ​ဖြင့်၊ မီး​လောင်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။

ဣ​သ​ရေ​လ​သည် အ​သီး​များ​စွာ​သီး​သော စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ကိုယ်​အ​လို​အ​လျောက် သီး​တတ်၏။ အ​သီး​တိုး​ပွား​သည်​အ​တိုင်း အ​မျိုး​သား​တို့​သည် ယဇ်​ပ​လ္လင်​တို့​ကို များ​ပြား​စေ​ကြ၏။ သူ​တို့​ပြည်​ကောင်း​သည်​အ​တိုင်း ကောင်း​သော​ရုပ်​တု​ဆင်း​တု​တို့​ကို လုပ်​ကြ​သည်​တ​ကား။

ထို​ကြောင့်၊ သင်​တို့​အ​တွက် ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း မြေ​ပုံ​များ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။

အို ထင်း​ရှူး​ပင်၊ အာ​ရဇ်​ပင်​လဲ​သော​ကြောင့် မြည်​တမ်း​လော့။ မြတ်​သော​အ​ပင်​တို့​သည် ပျက်​စီး​ကြ​ပြီ။ အို ဗာ​ရှန်​သ​ပိတ်​ပင်​တို့၊ ခိုင်​ခံ့​သော​တော​ကို ခုတ်​လှဲ​သော​ကြောင့် မြည်​တမ်း​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ