ဣသရေလသည် အသီးများစွာသီးသော စပျစ်နွယ်ပင်ဖြစ်၏။ ကိုယ်အလိုအလျောက် သီးတတ်၏။ အသီးတိုးပွားသည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင်တို့ကို များပြားစေကြ၏။ သူတို့ပြည်ကောင်းသည်အတိုင်း ကောင်းသောရုပ်တုဆင်းတုတို့ကို လုပ်ကြသည်တကား။