Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 15:4

Judson Bible

ထင်း​ဖို့ မီး​ထဲ​သို့​ချ​တတ်၏။ မီး​သည်​လည်း အ​ရင်း​အ​ဖျား​အ​လယ်​ကို လောင်​တတ်၏။ အ​သုံး​ဝင်​တတ်​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မီး​ရှို့​ပါ​ပြီ။ ခုတ်​လှဲ​ပါ​ပြီ။ မျက်​နှာ​တော်​ဖြင့် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။

ခွန်​အား​ကြီး​သော​သူ​သည် ပိုက်​ဆန်​လျှော်​ဖြစ်​လျက်၊ သူ​၏​အ​မှု​သည် မီး​ပွား​ဖြစ်​လျက်၊ ထို​နှစ်​ပါး​သည် အ​တူ​လောင်​ကြ​လိမ့်​မည်။ ထို​မီး​ကို​အ​ဘယ်​သူ​မျှ မ​သတ်​ရ။

အ​ခက်​အ​လက်​တို့​သည် သွေ့​ခြောက်​သော​အ​ခါ ချိုး​ခြင်း​သို့​ရောက်၍၊ မိန်း​မ​တို့​သည် လာ၍ မီး​ရှို့​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​မဲ့​သော​အ​မျိုး​ဖြစ်၏။ ထို​ကြောင့်၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော​သူ​သည် မ​သ​နား၊ ကျေး​ဇူး​မ​ပြု​ဘဲ နေ​တော်​မူ​လိမ့်​မည်။

တစ်​စုံ​တစ်​ခု​ကို​လုပ်​အံ့​သော​ငှာ စ​ပျစ်​နွယ်​သား​ကို ယူ​တတ်​သ​လော။ တစ်​စုံ​တစ်​ခု​ကို ဆွဲ​ထား​စ​ရာ​တံ​စို့​ကို စ​ပျစ်​နွယ်​သား​ဖြင့် လုပ်​တတ်​သ​လော။

မီး​မ​လောင်​မီ အ​သုံး​မ​ဝင်​လျှင်၊ မီး​လောင်၍​ကျွမ်း​ပြီး​မှ အ​သုံး​မ​ဝင်​ဟု သာ၍​ဆို​ဖွယ်​ရှိ​သည် မ​ဟုတ်​လော။

ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တော​သစ်​ပင်​တွင် မီး​မွေး​စ​ရာ​ထင်း​ဖို့ ငါ​အပ်​သော စ​ပျစ်​နွယ်​သား​ကဲ့​သို့၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ငါ​အပ်​မည်။

အ​ခက်​အ​လက်​တံ​ဖျာ​တစ်​ခု​ထဲ​က မီး​ထွက်၍ အ​သီး​ကို ကျွမ်း​လောင်​ပြီး၊ အ​စိုး​ရ​သော ရာ​ဇ​လှံ​တံ​ဖို့ ခိုင်​ခံ့​သော​တံ​ဖျာ တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း။ ဤ​ရွေ့​ကား၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​အ​ကြောင်း​ဖြစ်၏။ ငို​ကြွေး​မြည်​တမ်း​စ​ရာ​အ​ကြောင်း​လည်း ဖြစ်​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို​မှောက်​လှန်​သ​ကဲ့​သို့၊ သင်​တို့​အ​ချို့​ကို ငါ​မှောက်​လှန်၍ သင်​တို့​သည် မီး​ထဲ​က​နုတ်​သော ထင်း​စ​ကဲ့​သို့ ဖြစ်​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မီး​ဖို၌ မီး​လောင်​သ​ကဲ့​သို့ လောင်​သော​နေ့​ရက်​ကာ​လ​သည် ရောက်​လိမ့်​မည်။ မာ​န​ကြီး​သော​သူ​နှင့် ဒု​စ​ရိုက်​ကို​ပြု​သော​သူ အ​ပေါင်း​တို့​သည် အ​မှိုက်​ခြောက် ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ရင်း​အ​ဖျား​မျှ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ ထို​နေ့​ရက်​သည် လောင်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်​တော်​တွင် ဆန်​ကော​ပါ​လျက်၊ မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ မိ​မိ​ဂျုံ​စ​ပါး​ကို ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ယော​ဟန်​ဟော​ပြော၏။

ငါ၌ မ​တည်​သော​သူ​သည် သွေ့​ခြောက်​သော​အ​ခက်​ကဲ့​သို့ ပြင်​သို့​ပစ်​လိုက်​ခြင်း​ကို​ခံ​ရ၏။ ထို​သို့​သော အ​ခက်​များ​ကို လူ​တို့​သည်​စု​သိမ်း၍ မီး​ထဲ​သို့ ချ​လိုက်​ကြ​သ​ဖြင့် မီး​လောင်​ခြင်း​သို့ ရောက်​ကြ၏။-

ငါ​တို့​ဘု​ရား​သ​ခင်​သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။

အ​ကြင်​မြေ​သည် ဆူး​ပင်​အ​မျိုး​မျိုး​ကို ဖြစ်​စေ​တတ်၏။ ထို​မြေ​သည် ပြု​စု​ခြင်း​ကို​မ​ခံ​ထိုက်။ ကျိန်​ခြင်း​ကို ခံ​ရ​သော အ​ချိန်​နီး​သည် ဖြစ်၍၊ နောက်​ဆုံး၌ မီး​ရှို့​ခြင်း​သို့ ရောက်​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ