Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 14:7

Judson Bible

ငါ​နှင့်​ကွာ​ပြီး​လျှင်၊ ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​များ​ကို​တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို ထား​လျက်​ပင်၊ ငါ့​အ​လို​ကို မေး​မြန်း​ခြင်း​ငှာ၊ ပ​ရော​ဖက်​ထံ​သို့​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌ တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​အ​လို​အ​လျောက်​ပြန်​ပြော​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ​အ​လို​ရှိ​လျှင်၊ သူ၌​ရှိ​သော​ယောက်ျား​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ကြ​စေ။ သို့​ပြီး​မှ​ထို​သူ​သည် ပြည်​သား​ကဲ့​သို့​ဖြစ်​သော​ကြောင့်၊ ချဉ်း၍​ထို​ပွဲ​သို့​ဝင်​စေ။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သူ​မည်​သည်​ကား၊ ထို​ပွဲ၌​ဝင်၍ မ​စား​ရ။

သ​တ္တ​မ​နေ့​ရက်​သည် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ သင်​မှ​စ၍​သင်၏​သား​သ​မီး၊ ကျွန်​ယောက်ျား၊ မိန်း​မ၊ တိ​ရ​စ္ဆာန်၊ သင်၏ တံ​ခါး​အ​တွင်း၌​နေ​သော ဧည့်​သည်​အာ​ဂ​န္တု​သည် အ​လုပ်​မ​လုပ်​ရ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​မှ အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် လွှဲ​စေ​တော်​မူ​သ​နည်း။ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ခိုင်​မာ​စေ​တော်​မူ​သ​နည်း။ ကိုယ်​တော်၏​ကျွန်​တို့​အ​တွက်၊ အ​မွေ​တော်​ဖြစ်​သော အ​နွယ်​တို့​အ​တွက် ပြန်​လာ​တော်​မူ​ပါ။

ဇေ​ဒ​ကိ​မင်း​ကြီး​သည် လူ​ကို​စေ​လွှတ်၍ ယေ​ရ​မိ​ကို​နုတ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရှိ​သ​လော​ဟု နန်း​တော်၌ တိတ်​ဆိတ်​စွာ​မေး​မြန်း​လျှင်၊ ယေ​ရ​မိ​က၊ နှုတ်​က​ပတ်​တော်​ရှိ​ပါ၏။ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ရောက်​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်၏။

တစ်​ဖန်​တုံ၊ ဖြောင့်​မတ်​သော​သူ​သည် ဖောက်​ပြန်၍ ဒု​စ​ရိုက်​ကို​ပြု​လျှင်​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ကို သူ့​ရှေ့​မှာ ငါ​ထား​လျှင်​လည်း​ကောင်း သူ​သည် သေ​လိမ့်​မည်။ သင်​သည် သ​တိ​မ​ပေး​သော​ကြောင့်၊ သူ​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ​ကျင့်​ဖူး​သော တ​ရား​ကို ပ​မာ​ဏ​မ​ပြု​ရ။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။

သင်​တို့​သ​မီး​တို့​သည် ယောက်ျား​နှင့် မှား​ယွင်း၍ ချွေး​မ​တို့​သည် မျောက်​မ​ထား​သော်​လည်း ငါ​မ​စစ်​ကြော၊ အ​ကြောင်း​မူ​ကား၊ ယောက်ျား​တို့​သည် ကိုယ်​မ​ယား​ကို​စွန့်​ပစ်၍ ပြည့်​တန်​ဆာ​တို့​နှင့် ပေါင်း​ဖော်​တတ်​ကြ၏။ မိန်း​မ​ရွှင်​တို့​နှင့်​အ​တူ ယဇ်​ပူ​ဇော်​တတ်​ကြ၏။ သို့​ဖြစ်၍ ပ​ညာ​မ​ရှိ​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ နေ့​အ​ချိန်၌ သင်​သည်​လဲ​ရ​လိမ့်​မည်။ ည​အ​ချိန်၌ သင်​နှင့်​အ​တူ ပ​ရော​ဖက်​သည်​လည်း လဲ​ရ​လိမ့်​မည်။ သင့်​အ​မိ​ကို​လည်း ငါ​ဖျက်​ဆီး​မည်။

တော၌ စ​ပျစ်​သီး​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​တွေ့၏။ သီး​စ​သော သင်္ဘော​သ​ဖန်း​ပင်၌ အ​ဦး​ဆုံး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မြင်၏။ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ထံ​သို့​သွား၍၊ ထို​ရှက်​ဖွယ်​သော​အ​ရာ​အ​ဖို့ ကိုယ်​ကို အပ်​နှံ​သ​ဖြင့် တပ်​မက်​သည်​အ​တိုင်း စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို ပြု​ကြ၏။

သင်​တို့​သည် အ​စဉ်​စောင့်​ရ​သော​ပ​ညတ်​တော်​ဟူ​မူ​ကား၊ အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ သ​တ္တ​မ​လ​ဆယ်​ရက်​နေ့၌ အ​လုပ်​ကို​အ​လျှင်း​မ​လုပ်၊ ခြိုး​ခြံ​စွာ​ကျင့်​လျက်​နေ​ရ​ကြ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား ဆက်​ကပ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။ ပြည်​သား​တို့​လည်း ခဲ​နှင့်​ပစ်​ရ​ကြ​မည်။

ကိုယ်​အ​မျိုး​သား​ဖြစ်​စေ၊ သူ​တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ တစ်​ပါး​တည်း​သော​တ​ရား​နှင့်​သာ စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ပ​ရိ​သတ်​အ​ဝင်​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​သည်​ဖြစ်​သည်​နည်း​တူ သူ​သည်​လည်း ဖြစ်​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော​သူ၊ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည် သ​တိ​လစ်၍​ပြစ်​မှား​သော​အ​ခါ၊ တစ်​ပါး​တည်း​သော တ​ရား​ကို​စောင့်​ရ​ကြ​မည်။

ထို​သို့​သော​သူ​သည် ဤ​ကျိန်​ခြင်း​စ​ကား​ကို ကြား​သော​အ​ခါ၊ စိတ်​ခိုင်​မာ​သည်​အ​တိုင်း၊ ငါ​ကျင့်၍ ရေ​ငတ်​ခြင်း​အ​ပေါ်၌ ယစ်​မူး​ခြင်း​ကို ထပ်​ဆင့်​သော်​လည်း၊ ချမ်း​သာ​ရ​မည်​ဟု စိတ်​ထဲ​မှာ ကိုယ်​ကို​ကိုယ် ကောင်း​ချီး​ပေး​မည်​ဟူ၍​လည်း​ကောင်း စိုး​ရိမ်​စ​ရာ​ရှိ၏။

ထို​သူ​တို့​သည် သင်း​ခွဲ​သော​သူ၊ ဝိ​ညာဉ်​တော်​နှင့် ကင်း​သော ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ