Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 14:6

Judson Bible

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား​ဆင့်​ဆို​ရ​မည်​မှာ၊ နောင်​တ​ရ၍ ရုပ်​တု​တို့​ကို ကြဉ်​ရှောင်​ကြ​လော့။ သင်​တို့​ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​မှ မျက်​နှာ​လွှဲ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​အ​ဘ​များ​သည်​ပြစ်​မှား၍၊ ငါ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​မှ မျက်​နှာ​လွှဲ​လျက် ကျော​ခိုင်း​ကြ​ပြီ​တ​ကား။

ထို​ကာ​လ၌ လူ​တို့​သည် မိ​မိ​တို့​ကိုး​ကွယ်​ဖို့ မိ​မိ​တို့​လုပ်​ဖူး​သော ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​တို့​ကို ပွေး​များ၊ လင်း​နို့​များ၌ ပစ်​ထား​ကြ​လိမ့်​မည်။

ထု​လုပ်​သော ငွေ​ရုပ်​တု​တန်​ဆာ​နှင့် သွန်း​သော ရွှေ​ရုပ်​တု​တန်​ဆာ​များ​ကို မ​ရို​မ​သေ​ပြု၍၊ ညစ်​ညူး​သော အ​ဝတ်​ကဲ့​သို့ ပစ်​ပယ်​လျက်၊ သွား​တော့​ဟု ဆို​ရ​လိမ့်​မည်။

သင်၏ မျောက်​မ​ထား​ခြင်း၊ ဟီ​မြည်​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၏ ညစ်​ညူး​ခြင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ လယ်​ပြင်၌​လည်း​ကောင်း​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​တို့​ကို ငါ​သိ​မြင်၏။ အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ မ​ရောက်​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​ကြင်​ဣ​သ​ရေ​လ အ​မျိုး​သား​သည် ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​တို့​ကို တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို​ထား​လျက် ပ​ရော​ဖက်​ထံ​သို့ ရောက်​လာ၏။ ထို​သူ၌ ရုပ်​တု များ​ပြား​သည်​နှင့်​အ​ညီ ငါ​ပြန်​ပြော​မည်။

သင်​ပြု​ဖူး​သ​မျှ​သော အ​မှု​တို့​ကို ငါ​မ​မှတ်။ စိတ်​ပြေ​သော​အ​ခါ သင်​သည်​အောက်​မေ့၍ ရှက်​ကြောက်​ခြင်း​နှင့် မျက်​နှာ​ပျက်​ခြင်း​ကြောင့်၊ နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သို့​ဖြစ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့ အ​သီး​အ​သီး​ကျင့်​ကြ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ငါ​စီ​ရင်​မည်။ သင်​တို့​သည် အ​ဓ​မ္မ​အ​မှု​ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍ ပြောင်း​လဲ​ကြ​လော့။ ပြောင်း​လဲ​ကြ​လော့။ ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ထိ​မိ၍ ဆုံး​ခြင်း​သို့​မ​ရောက်​ကြ​နှင့်။

ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​တွင်း တံ​တိုင်း​ထဲ​သို့ ဆောင်​သွား၍၊ ဗိ​မာန်​တော်​တံ​ခါး၊ ဗိ​မာန်​တော်​ဦး​နှင့် ယဇ်​ပ​လ္လင်​ကြား​မှာ၊ လူ​နှစ်​ကျိပ်​ငါး​ယောက်​တို့​သည် ဗိ​မာန်​တော်​ကို ကျော​ခိုင်း​လျက်၊ အ​ရှေ့​သို့ မျက်​နှာ​ပြု​လျက်၊ အ​ရှေ့​မျက်​နှာ၌ နေ​ကို ကိုး​ကွယ်​ကြ၏။

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ငါ​သည် ငါ၏ သန့်​ရှင်း​ရာ​ဌာ​န​နှင့် ဝေး​စွာ​သွား​စေ​ခြင်း​ငှာ သူ​တို့​ပြု​ကြ​သော​အ​မှု၊ ဤ​အ​ရပ်၌ ဣ​သ​ရေ​လ​အ​မျိုး​ပြု​သော၊ အ​လွန် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို မြင်​ပြီ​လော။ တစ်​ဖန် လှည့်၍​သွား​ဦး​လော့။ သာ၍​ကြီး​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို မြင်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်၊

ငါ​သည် နောက်​တစ်​ဖန် ရုပ်​တု​ဆင်း​တု​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​ရ​သ​နည်း​ဟု ဧ​ဖ​ရိမ်​သည် ပြော​လိမ့်​မည်။ သူ၏​စ​ကား​ကို​လည်း ငါ​နား​ထောင်၍ သူ့​ကို ကြည့်​ရှု​မည်။ စိမ်း​သော​ထင်း​ရှူး​ပင်​ကဲ့​သို့ ဖြစ်၍၊ သင်​သည် ငါ့​ကျေး​ဇူး​ကြောင့် အ​သီး​နှင့် ပြည့်​စုံ​လိမ့်​မည်။

ငါ့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကြောင့် ထို​အ​ခါ သင်​သည် အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ သင်၏​ဂုဏ်​အ​သ​ရေ​ကြောင့် ဝါ​ကြွား​သော သူ​တို့​ကို သင့်​အ​လယ်၌ ငါ​ပယ်​ရှား​မည်။ သင်​သည်​လည်း ငါ၏​သန့်​ရှင်း​သော​တောင်​ကို အ​မှီ​ပြု၍ နောက်​တစ်​ဖန် မာ​န​မ​ထောင်​လွှား​ရ။

ရှေး​ပ​ရော​ဖက်​တို့​က၊ သင်​တို့ မ​ကောင်း​သော​လမ်း၊ မ​ကောင်း​သော အ​ကျင့်​များ​ကို ယ​ခု ကြဉ်​ရှောင်​ကြ​လော့​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို ဆင့်​ဆို​လျက် ကြွေး​ကြော်​သော်​လည်း နား​မ​ကြား၊ ငါ့​စ​ကား​ကို​လည်း နား​မ​ထောင်​သော သင်​တို့ ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် မိုက်​မဲ​သော အ​ချိန်​ကာ​လ​တို့​ကို အ​မှု​မ​ထား​ဖူး​သော်​လည်း၊ ယ​ခု​မှာ ကိုယ်​အ​ပြစ်​ကို မြင်၍ နောင်​တ​ရ​ကြ​လော့​ဟု ခပ်​သိမ်း​သော အ​ရပ်​တို့၌​ရှိ​သော လူ​အ​ပေါင်း​တို့​အား ပ​ညတ်​တော်​မူ၏။-

လူ​တို့​သည် နောင်​တ​ရ​ရ​မည်။ နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော အ​ကျင့်​ကို ကျင့်​ရ​မည်။ ဘု​ရား​သ​ခင် အ​ထံ​တော်​သို့ ပြောင်း​လဲ​ရ​မည်​ဟူ၍ ဒ​မာ​သက်​မြို့၌ ရှေ့​ဦး​စွာ ဟော​ပြော​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်၌​နေ​သော သူ​တို့​အား​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဟော​ပြော​ပါ၏။-

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ချမ်း​ဧ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လာ၍၊-

ယ​ခု သင်​တို့​ရှက်​ကြောက်​သော ထို​အ​ကျင့်​တို့​ကို ကျင့်​စဉ်​အ​ခါ၊ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​သ​နည်း။ ထို​သို့​သော​အ​ကျင့်​သည် သေ​ခြင်း၌ လမ်း​ဆုံး​သ​တည်း။-

တစ်​ဖန် ရှ​မွေ​လ​က၊ သင်​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တည်း​ဟူ​သော ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ပယ်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ပြန်​လာ​သ​ဖြင့်၊ ထို​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကြ​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆုံး​မ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ