ယေဇကျေလ 14:8Judson Bibleထိုသူတစ်ဖက်၌ ငါသည်မျက်နှာထား၍ သူ့ကိုနိမိတ်ဖြစ်စေမည်။ စကားပုံလည်း ဖြစ်စေမည်။ ထိုသူကို ငါ၏လူတို့အထဲမှ ပယ်ရှားမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်အသက်ကို သေစေခြင်းငှာ ပြစ်မှားသောသူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရားရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့်ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ်ရကြမည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊