သို့ဖြစ်၍ အိုလူသား၊ သူတို့တစ်ဖက်၌ ပရောဖက်ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။
အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသားဖြစ်သော ငါ၏လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကို ဖော်ပြလော့။
အချင်းလူသား၊ ယေရုရှလင်မြို့ကိုမျက်နှာပြုလျက်၊ သန့်ရှင်းသော အရပ်ဌာနတို့တစ်ဖက်၌ မြွက်ဆို၍ ဣသရေလပြည်တစ်ဖက်၌ ဟောပြောလော့။
အချင်းလူသား၊ သင်သည် အမ္မုန်အမျိုးသားတို့တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကားအားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်းသော အလင်းကဲ့သို့ ဖြစ်ကြပြီ။
တံပိုးမှုတ်လော့။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား၏အိမ်တော်သို့ လာလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက်၍ ငါ့တရားကို လွန်ကျူးကြပြီ။