Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 11:5

Judson Bible

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့ သက်​ရောက်၍၊ သင်​သည်​ဟော​ပြော​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် ဤ​သို့​ပြော​ဆို​ကြ​ပြီ။ သင်​တို့ ကြံ​စည်​သ​မျှ​တို့​ကို ငါ​သိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

ထို​သို့​ကျင့်၍ ငါ​သည်​တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ ငါ့​ကို သင်​နှင့်​တူ​သည်​ဟု ထင်​လေ​ပြီ​တ​ကား။ သင်၏​အ​ပြစ်​ကို ငါ​ဖော်​ပြ၍၊ သင့်​မျက်​မှောက်၌ ခင်း​ထား​မည်။

မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ဆုံး​ရှုံး၍၊ တ​ရား​သော​သူ​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ။ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် နှ​လုံး​နှင့် ကျောက်​ကပ်​ကို စစ်​တော်​မူ​တတ်​ပါ၏။

သင်​တို့​က၊ ငါ​တို့​သည် သေ​မင်း​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​ပြီ။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ကြ​ပြီ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ ငါ​တို့​ရှိ​ရာ​သို့ မ​ရောက်​ရ။ ငါ​တို့​သည် မု​သား​ကို​ကိုး​စား​ကြ၏။ လှည့်​စား​ခြင်း​အောက်၌ ပုန်း​ကွယ်၍ နေ​ကြ၏​ဟု ဆို​တတ်​သော​ကြောင့်၊

အ​သံ​မ​လျော့​ဘဲ ကြွေး​ကြော်​လော့။ တံ​ပိုး​သံ​ကဲ့​သို့ အ​သံ​ကို​လွှင့်၍၊ ယာ​ကုပ်​အ​မျိုး​သား​ဖြစ်​သော ငါ၏​လူ​တို့​အား၊ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​လော့။

နှ​လုံး​ကျောက်​ကပ်​ကို​စစ်​ကြော၍၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထို​သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​မြင်​လို​ပါ၏။ အ​ကျွန်ုပ်​အ​မှု​ကို ကိုယ်​တော်​အား ကြား​လျှောက်​ပါ​ပြီ။

သူ​တို့​သွား​သ​မျှ​သော​လမ်း​တို့​ကို ငါ​သည် ကြည့်​ရှု​လျက်​နေ၏။ သူ​တို့​သည် ငါ့​မျက်​ကွယ်၌ သွား​ကြ​သည်​မ​ဟုတ်။ သူ​တို့၏ ဒု​စ​ရိုက်​ကို ငါ့​ရှေ့​မှာ ဝှက်၍​မ​ထား​နိုင်။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ မိ​မိ​တို့​ခံ​ထိုက်​သော အ​ကျိုး​အ​ပြစ်​ကို​ပေး​ခြင်း​ငှာ၊ နှ​လုံး​ကျောက်​ကပ်​တို့​ကို စေ့​စေ့​စစ်​ကြော​တတ်၏။

ထို​သို့​ဆို​သော​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ထဲ​သို့​ဝင်၍ မတ်​တတ်​နေ​စေ​သ​ဖြင့်၊ ငါ​နှင့်​ပြော​သော​သူ၏ စ​ကား​ကို ငါ​ကြား​သည်​ကား၊

သူ​တို့​သည် အ​လွန်​ပုန်​ကန်​တတ်​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ငါ့​စ​ကား​ကို သူ​တို့​အား ဟော​ပြော​ရ​မည်။

ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့​လည်း​ကောင်း၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​ကို​ဝတ်​ပြု​သော ပြည်​သူ​ပြည်​သား​များ ကဲ့​သို့​လည်း​ကောင်း ဖြစ်​မည်​ဟု၊ သင်​တို့​ကြံ​စည်​သည်​အ​တိုင်း အ​ကြံ​မ​မြောက်​ရ။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို တု​ရု​ရှင်​ဘု​ရင်​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ကိုယ်​ကို​ဘု​ရား​သ​ခင်​ကဲ့​သို့ ထင်​မှတ်​သော်​လည်း ဘု​ရား​သ​ခင်​မ​ဟုတ်၊ လူ​သက်​သက်​ဖြစ်​လျက်​နှင့် ငါ​သည် ဘု​ရား​ဖြစ်၏။ ပင်​လယ်​အ​လယ်၌ ဘု​ရား​ပ​လ္လင်​ပေါ်​မှာ ငါ​ထိုင်​သည်​ဟု ဝါ​ကြွား​သော​စိတ်​နှင့် ဆို​သည်​ဖြစ်၍၊

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း၊ ကိုယ်​မြစ်​များ​အ​လယ်၌ နေ​လျက်၊ ငါ့​မြစ်​ကို ငါ​ပိုင်၏။ ငါ့​အ​ဖို့ ငါ​ဖန်​ဆင်း​ပြီ​ဟု ဆို​တတ်​သော မိ​ကျောင်း​ကြီး၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။

သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော သင်၏​အ​မျိုး​သား​ချင်း​တို့ ရှိ​ရာ​သို့​သွား၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ဟု၊ သူ​တို့​နား​ထောင်​သည် ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။

ဝိ​ညာဉ်​တော်​သည် ငါ့​အ​ထဲ​သို့​ဝင်၍ မတ်​တတ်​နေ​စေ​လျက်၊ သင်​သွား​လော့။ ကိုယ်​အိမ်၌ ပုန်း​ရှောင်၍ နေ​လော့။

သို့​ရာ​တွင် သင့်​အား​ငါ​ပြော​သော​အ​ခါ သင့်​နှုတ်​ကို ငါ​ဖွင့်​မည်။ သင်​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏​ဟု သူ​တို့​အား ဟော​ပြော​ရ​မည်။ နား​ထောင်​သော​သူ​သည် နား​ထောင်​စေ၊ နား​မ​ထောင်​သော​သူ​သည် နား​မ​ထောင်​ဘဲ​နေ​စေ။ သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

သ​က္က​ရာဇ်​ခြောက်​ခု၊ ဆ​ဋ္ဌ​မလ၊ ငါး​ရက်​နေ့​တွင်၊ ငါ​သည်​ကိုယ်​အိမ်၌​ထိုင်၍၊ ယု​ဒ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​သည် ငါ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​သို့ သက်​ရောက်​လေ၏။

သူ​တို့​စိတ်​ထဲ​မှာ ထို​သို့ ထင်​မှတ်​ခြင်း​ရှိ​သည်​ကို ယေ​ရှု​သည် မိ​မိ​ဉာဏ်​အား​ဖြင့် ချက်​ချင်း​သိ​တော်​မူ​လျှင်၊ သင်​တို့ စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ဤ​သို့ ထင်​မှတ်​ကြ​သ​နည်း။-

ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။-

ထို​စ​ကား​ကို မြွက်​ဆို​စဉ်၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​နာ​ရ​သော သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သက်​ရောက်​တော်​မူ၏။-

ငါ​သည်​ဟော​ပြော​စ​ပြု​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ရှေ့​ဦး​စွာ ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​တို့ အ​ပေါ်​သို့​လည်း သက်​ရောက်​တော်​မူ၏။-

ငါ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော​သူ​ရှေ့၌ မ​ထင်​ရှား​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ကွယ်​အ​ကာ မ​ရှိ​ဘဲ၊ မျက်​မှောက်​တော်၌ လှန်​ထား​လျက် ရှိ​ကြ၏။

လျှာ​သည် မီး​ဖြစ်၏။ ဒု​စ​ရိုက်၏ လော​က​ဓာတ်​လည်း​ဖြစ်၏။ ထို​သို့​နှင့်​အ​ညီ၊ လျှာ​သည် ငါ​တို့၏​အင်္ဂါ​တို့​တွင်​တည်၍ တစ်​ကိုယ်​လုံး​ကို ညစ်​ညူး​စေ၏။ ဇာ​တိ​စက်​ကို​လည်း ရှို့​တတ်၏။ မိ​မိ​သည်​လည်း င​ရဲ​မီး​ရှို့​ခြင်း​ကို ခံ​လျက်​ရှိ၏။-

သူ၏​သား​သ​မီး​တို့​ကို​လည်း အ​သေ​သတ်​မည်။ ငါ​သည် နှ​လုံး​ကျောက်​ကပ်​ကို စစ်​ဆေး​တော်​မူ​သော သူ​ဖြစ်​ကြောင်း​ကို ထို​သို့​သော​အား​ဖြင့် ခပ်​သိမ်း​သော အ​သင်း​တော်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​သီး​အ​သီး​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ပေး​မည်။-

တောင်​တော်​သို့ ရောက်​သော​အ​ခါ၊ ပ​ရော​ဖက် အ​ပေါင်း​အ​သင်း​တို့​သည် ဆီး၍ ကြို​ကြ​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် ရှော​လု​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​သ​ဖြင့်၊ သူ​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု​လေ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင့်​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သင်​သည် သူ​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု၍ ခြား​နား​သော​သူ ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ