Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 11:3

Judson Bible

သူ​တို့​က၊ အ​မှု​မ​ရောက်​သေး။ အိမ်​ဆောက်​ကြ​ကုန်​အံ့။ ဤ​မြို့​သည် အိုး​ကင်း၊ ငါ​တို့​သည် အ​မဲ​သား​ဖြစ်​သည်​ဟု ဆို​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍၊ ထို​ပြည်၌​အ​စာ​ခေါင်း​ပါး၏။ ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ ပ​ရော​ဖက်​အ​မျိုး​သား​တို့​အ​ဖို့ ကြီး​သော​အိုး​ကင်း​ကို​ပြင်၍ ဟင်း​ချက်​လော့​ဟု မိ​မိ​ကျွန်​အား​ဆို၏။

သူ​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏​အ​မှု​ကို ငါ​တို့​သည် မြင်​ရ​မည်​အ​ကြောင်း၊ အ​လျင်​အ​မြန်​ကြိုး​စား​တော်​မူ​ပါ​စေ။ ငါ​တို့​သည် သိ​နား​လည်​ရ​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏​အ​ကြံ​တော်​သည်၊ အ​နီး​သို့​ချဉ်း၍​ပြည့်​စုံ​ပါ​စေ​ဟု ဆို​တတ်​ကြ၏။

အ​ချင်း​လူ​သား၊ နေ့​ရက်​ကာ​လ ရွေ့​လျက်​ရှိ၍၊ ခပ်​သိမ်း​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​လည်း ပျက်​ကြ​ပြီ​ဟု၊ ဣ​သ​ရေ​လ​ပြည်၌ သုံး​တတ်​သော စ​ကား​ပုံ​ကား အ​ဘယ်​သို့​နည်း။

အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ သူ​မြင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် ဝေး​သေး​၏။ ဝေး​သေး​သော​ကာ​လ​ကို ရည်​မှတ်၍ ဟော​တတ်​သည်​ဟု ပြော​ဆို​ကြ​၏။

အို ပြည်​တော်​သား၊ သင်​သည် အ​လှည့်​ခံ​ရ​သော​အ​ချိန် ရောက်​လာ၏။ အ​ချိန်​စေ့​ပြီ။ ရွှင်​လန်း​စွာ ကြွေး​ကြော်​ခြင်း မ​ရှိ​ရ​ဘဲ၊ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို ပြု​ရ​သော​နေ့​နီး​ပြီ။

တ​ယော​ထိုး​သံ​နှင့်​ပြိုင်​လျက် သီ​ချင်း​ဆို​ခြင်း၊ တီး​မှုတ်​ရာ တူ​ရိ​ယာ​မျိုး​အ​သစ်​ကို ဒါ​ဝိဒ်​မင်း​ရှာ၍ လုပ်​သ​ကဲ့​သို့ လုပ်​ခြင်း၊

ငါ့​လူ​တို့၏​အ​သား​ကို​စား​လျက်၊ အ​ရေ​ကို​ခွာ​လျက်၊ အ​ရိုး​တို့​ကို ချိုး​လျက်၊ ဟင်း​အိုး၌ ချက်​သော သား​တစ်၊ အိုး​ကင်း၌​ပြုတ်​သော အ​မဲ​သား​ကို ပြု​သ​ကဲ့​သို့ အ​ရိုး​အ​သား​ကို စဉ်း​လျက်​နှင့်​ပင်၊

သ​ခင်​ဘု​ရား ကြွ​လာ​မည်​ဟူ​သော က​တိ​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဘိုး​ဘေး​များ အိပ်​ပျော်​သည်​နောက်၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် ဖန်​ဆင်း​စ​က ဖြစ်​သ​ကဲ့​သို့၊ ဖြစ်​မြဲ​ဖြစ်​ကြ၏​ဟု​ဆို​လျက်၊ ကဲ့​ရဲ့​ခြင်း​နှ​င့်​တ​ကွ ပေါ်​လာ​ကြ​လိ​မ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ