Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 4:8

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​အား​မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ ဣ​သ​ရေ​လ​အ​မျိုး အ​ရေ​အ​တွက်​အ​တိုင်း၊ ယော်​ဒန်​မြစ်​ထဲ​က ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ​ပြီး​မှ၊ စ​ခန်း​ချ​ရာ​အ​ရပ်​သို့ ထမ်း​သွား၍ ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။

မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​လုံး​စုံ​တို့​ကို ရေး​ထား​ပြီး​မှ၊ နံ​နက်​စော​စော​ထ၍၊ တောင်​ခြေ​ရင်း၌​ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​နှင့်​အ​မျှ ကျောက်​တိုင် တစ်​ဆယ်​နှစ်​တိုင်​ကို​လည်း​ကောင်း တည်​လေ၏။

ယော်​ဒန်​မြစ်​ထဲ​က ထုတ်​ယူ​သော ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို ယော​ရှု​သည် ဂိ​လ​ဂါ​လ​အ​ရပ်၌ စိုက်​ထား၏။

တစ်​ဖန်​တုံ၊ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့ နင်း​ရာ​အ​ရပ် ယော်​ဒန်​မြစ်​အ​လယ်၌ ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို ယော​ရှု​သည်​စိုက်​ထား၍ ယ​နေ့​တိုင်​အောင်​ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ