ယောရှု 4:7Judson Bibleသင်တို့က၊ ထာဝရဘုရား၏သေတ္တာတော်သည် ယော်ဒန်မြစ်ကိုကူးသောအခါ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည်။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသားအောက်မေ့စရာဖို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထားသည်အတိုင်း၊ အခန်းကိုကြည့်ပါ။ |
တစ်ဖန် မိန့်တော်မူသည်ကား၊ နွားကိုသတ်သောသူသည် လူကိုသတ်သောသူနှင့် တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကို ဖြတ်သောသူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့် တူ၏။ လောဗန်ကို မီးရှို့သောသူသည် ရုပ်တုကို ကောင်းချီးပေးသောသူနှင့် တူ၏။ အကယ်စင်စစ် ထိုသူတို့သည် မိမိအလိုရှိရာလမ်းကို ရွေးကြ၏။ မိမိဆိုးညစ်သော အမှုတို့၌ မွေ့လျော်ကြ၏။
ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတစ်ပါးသောအမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။