ယောရှု 4:6Judson Bibleသို့ပြုလျှင် သက်သေကိုရကြလိမ့်မည်။ နောင်ကာလ၌ သင်တို့၏သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊ အခန်းကိုကြည့်ပါ။ |
ကိုယ်အသက်ကို သေစေခြင်းငှာ ပြစ်မှားသောသူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရားရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့်ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ်ရကြမည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
ငါတို့သည် မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး၊ မိတ်သဟာယပူဇော်သကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားအမှုကို ရှေ့တော်၌ ဆောင်ရွက်ခြင်းငှာလည်းကောင်း၊ နောင်ကာလ၌ သင်တို့သားမြေးတို့က၊ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား မပြောစေခြင်းငှာလည်းကောင်း၊ ဤယဇ်ပလ္လင်သည် ငါတို့နှင့် သင်တို့စပ်ကြား၊ ငါတို့သားမြေးနှင့် သင်တို့သားမြေးစပ်ကြားမှာ သက်သေဖြစ်စေခြင်းငှာ တည်ကြပါပြီ။