တစ်ဖန်တုံ၊ ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်တို့ နင်းရာအရပ် ယော်ဒန်မြစ်အလယ်၌ ကျောက်တစ်ဆယ်နှစ်လုံးကို ယောရှုသည်စိုက်ထား၍ ယနေ့တိုင်အောင်ရှိကြ၏။
ထိုရေတွင်းကို ရှေဘအမည်ဖြင့်မှည့်လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ကိုဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း။
နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံးသော ကျောက်ကိုယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျက် ထူထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကိုလောင်းလေ၏။
ဗေရောသိလူတို့သည် ဂိတ္တိမ်မြို့သို့ပြေး၍ ယနေ့တိုင်အောင် တည်းခိုလျက်နေကြသတည်း။
သင်၏အမည်ကား ဣသရေလဖြစ်ရမည်ဟူသော ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သား အမျိုးအနွယ် အရေအတွက်အတိုင်း၊ ကျောက်တစ်ဆယ်နှစ်လုံးကိုယူ၍၊
ထမ်းပိုးတို့ကို ဆွဲထားသဖြင့်၊ ထမ်းပိုးဖျားတို့သည် ပြင်ခန်း၌မထင်၊ သေတ္တာတော်ရှေ့ ဗျာဒိတ်ဌာနတော်၌သာ ထင်၍ ယနေ့တိုင်အောင်ရှိကြ၏။
ထာဝရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့ တက်၍နေလော့။ လူများတို့အား သွန်သင်ဖို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသောပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအားမိန့်တော်မူလျှင်၊
ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက်တို့၌၊ ထိုတစ်ဆယ့်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက်၊ ကျောက်တစ်လုံးလျှင် နာမည်တစ်ပါးစီပါရမည်။
ထိုအကြောင်းကို အစွဲပြု၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ၏။-
သွန်သင်သည်နှင့်အညီ စစ်သူရဲတို့သည် ငွေကိုယူ၍ပြုကြ၏။ ထိုစကားကို ယခုတိုင်အောင် ယုဒလူတို့သည် အနှံ့အပြား ပြောဆိုကြ၏။
ဗက်ပေဂုရမြို့တစ်ဖက်၊ မောဘပြည်၊ တစ်စုံတစ်ခုသောချိုင့်၌ သင်္ဂြိုဟ်တော်မူ၏။ မောရှေ၏သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှ မသိရာ။
ထိုစကားကိုလည်း ဘုရားသခင်၏ဓမ္မကျမ်းစာ၌ရေးထား၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်နားမှာရှိသော သပိတ်ပင်အောက်၌ ကျောက်ကြီးကို ထောင်လျက်၊
ယောရှုသည် မောရှေမှာထားသည်အတိုင်း၊ လူများတို့အားဆင့်ဆိုစေခြင်းငှာ ထာဝရဘုရား မိန့်တော်မူသမျှတို့ကို အကုန်အစင်ပြုသည်တိုင်အောင် သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်၌ ရပ်နေကြ၏။ လူများတို့သည်လည်း ကြိုးစား၍ကူးကြ၏။
ထိုသူသည် ဟိတ္တိပြည်သို့သွားပြီးလျှင်၊ မြို့ကိုတည်ထောင်၍ လုဇအမည်ဖြင့် သမုတ်လေ၏။ ယနေ့တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။
ထိုနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှာ စီရင်ထုံးဖွဲ့သတည်း။
ထိုအခါ ရှမွေလသည် ကျောက်ကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့စပ်ကြားမှာ ထူထောင်သဖြင့်၊ ထာဝရဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီဟုဆိုလျက်၊ ထိုကျောက်ကို ဧဗနေဇာအမည်ဖြင့် မှည့်လေ၏။