အမျက်တော် ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ်တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှ များသောအဖိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနုတ်နိုင်။
ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ ထိုသူကိုမဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊
သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကိုလည်းကောင်း၊ များစွာသော စည်းစိမ်ကိုလည်းကောင်း ပေးချင်သော်လည်း၊ ပမာဏပြုတော်မမူ။
လက်ယာတော်နားမှာရှိသောဘုရားရှင်သည် အမျက်တော်အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ်တော်မူမည်။
သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည် လမ်း၌ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ချင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
ထိုအခါ အမျက်တော်ထွက်၍၊ သူတို့ကိုမိန့်တော်မူမည်။ ပြင်းစွာသော အမျက်တော်နှင့် သူတို့ကို ပူပန်စေတော်မူမည်။
အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်ဦး။ လက်တော်အောက်၌ ဆုံးမခြင်းကိုခံရ၍ အားကုန်ပါပြီ။
ထိုသို့ အစိုးရသောသူတို့၏ ရာဇလှံတံကိုလည်းကောင်း၊ ထာဝရဘုရားချိုးတော်မူပြီ။
အချင်းလူသား၊ သင်ကြည့်ရှုလိုဖွယ်သောသူကို ငါသည် ဒဏ်ခတ်၍ ပယ်ရှားမည်။ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ မျက်ရည်မကျရ။
ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ၏။
ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင်အတွက် အမျက်ထွက်ကောင်းသလောဟု မေးတော်မူလျှင်၊ ယောနက၊ အကျွန်ုပ်သည် အသက်သေသည်တိုင်အောင် အမျက်ထွက်ကောင်းပါသည်ဟု လျှောက်ဆို၏။
ဖာရိရှဲနှင့် ဇဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာ လာကြသည်ကို ယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။
သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သောသူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တစ်ဖက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။-
ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဖို့ အမျက်ဒေါသကို ဆည်းပူးသလော။-
လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏။-
ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှာ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ။ ကာလအချိန်တန်မှ သက်သေခံခြင်းရှိ၏။-
အစအဦး၌ သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အားဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။-