Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 36:19

Judson Bible

သင်၏​ဥ​စ္စာ​ကို ပ​မာ​ဏ​ပြု​တော်​မူ​မည်​လော။ ရွှေ​ကို​လည်း​ကောင်း၊ များ​စွာ​သော စည်း​စိမ်​ကို​လည်း​ကောင်း ပေး​ချင်​သော်​လည်း၊ ပ​မာ​ဏ​ပြု​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

တစ်​ခ​ဏ​ချင်း​တွင် သ​တ္တ​ဝါ​တို့​သည် သေ​တတ်​ကြ၏။ သန်း​ခေါင်​အ​ချိန်၌ လူ​မျိုး​တစ်​စုံ​တစ်​မျိုး တုန်​လှုပ်​ကွယ်​ပျောက်၍၊ အား​ကြီး​သော​သူ​သော်​လည်း အ​ဘယ်​သူ​မျှ​မ​ပြု​ဘဲ သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ ရောက်​တတ်၏။

အ​မျက်​တော် ထွက်​တတ်​သည်​ဖြစ်၍၊ ဒဏ်​ခတ်​တော်​မူ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ အ​မှု​ရောက်​မှ များ​သော​အ​ဖိုး​ကို​ပေး​သော်​လည်း ကိုယ်​ကို မ​ရွေး​မ​နုတ်​နိုင်။

ည​ကို မ​တောင့်​တ​နှင့်။ ည​အ​ခါ​လူ​တို့​သည် ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​တတ်​ကြ၏။

ဘု​ရား​သ​ခင်​သည် အ​မျက်​ပြေ​တော်​မ​မူ​လျှင်၊ မာ​န​ကြီး၍ အား​ပေး​သော​သူ​တို့​သည် ရှေ့​တော်၌ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​ကြ၏။

မိ​မိ​ညီ​အစ်​ကို​ကို အ​ဘယ်​သူ​မျှ အ​လျှင်း​မ​ရွေး​နိုင်။ ရွေး​ရန်​အ​ဖိုး​ကို ဘု​ရား​သ​ခင်၌ မ​ပေး​နိုင်။

မ​တ​ရား​သော ဥ​စ္စာ​ဘ​ဏ္ဍာ​သည် အ​ကျိုး​မ​ရှိ။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။

လူ​ဆိုး​တို့​သည် အ​သင်း​ဖွဲ့​သော်​လည်း၊ အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ​ကြ။ ဖြောင့်​မတ်​သော​သူ​တို့၏ အ​မျိုး​အ​နွယ်​မူ​ကား လွတ်​ရ၏။

အ​မျက်​ဒေါ​သ​ထွက်​သော​ကာ​လ၌ စည်း​စိမ်​ဥ​စ္စာ​သည် အ​ကျိုး​မ​ပေး​နိုင်။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။

ထို​ကာ​လ၌ လူ​တို့​သည် မိ​မိ​တို့​ကိုး​ကွယ်​ဖို့ မိ​မိ​တို့​လုပ်​ဖူး​သော ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​တို့​ကို ပွေး​များ၊ လင်း​နို့​များ၌ ပစ်​ထား​ကြ​လိမ့်​မည်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ထွက်၍၊ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ကောင် ဖြစ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​နေ့၌ သူ​တို့​ရွှေ​ငွေ​သည် သူ​တို့​ကို မ​ကယ်​တင်​နိုင်​ရာ။ ဒေါ​သ​အ​မျက်​တော်​မီး​သည် တစ်​ပြည်​လုံး​ကို လောင်​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို အ​လျင်​အ​မြန်​စီ​ရင်၍ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။

ရွှေ​ငွေ​လည်း အ​ချေး​တက်၍ ပျက်​ကုန်​ပြီ။ ထို​အ​ချေး​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်၍၊ မီး​ကဲ့​သို့ သင်​တို့​အ​သား​ကို စား​လိမ့်​မည်။ နောက်​ဆုံး​သော နေ့​ရက်​ကာ​လ​အ​ဖို့ ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​ပြီ​တ​ကား၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ