သို့မဟုတ် မတရားသောသူကဲ့သို့ အပြစ်နှင့်ပြည့်စုံလျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကို ခံရမည်။
ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။
ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ၊ ထိတ်လန့်သောစိတ်နှင့် ပင်ပန်းရ၏။
မမြင်နိုင်သောမှောင်မိုက်သည် ညှဉ်းဆဲ၍၊ ပြင်းစွာစီးသောရေသည် လွှမ်းမိုးရ၏။
သင်ပြုသောဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။
ယောဘသည် မတရားသောသူကဲ့သို့ ပြန်ပြောတတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှာ ငါအလိုရှိ၏။
ယောဘနှင့်တူသောသူ တစ်စုံတစ်ယောက် ရှိလိမ့်မည်လော။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကိုမျိုတတ်၏။
မတရားသဖြင့် ကျင့်သောသူတို့နှင့် ပေါင်းဖော်၍၊ လူဆိုးတို့နှင့် သွားလာတတ်၏။
လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်မူကား လွတ်ရ၏။
ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။
အခြားသော ကောင်းကင်အသံကား၊ ငါ၏လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း၊ ကင်းလွတ်အံ့သောငှာ၊ သူ၏အထဲက ထွက်ကြလော့။-