ယောဘဝတ္တု။ 30:16Judson Bibleယခုမူကား၊ ငါ့နှလုံးကြေကွဲပြီ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုမီပြီ။ အခန်းကိုကြည့်ပါ။ |
ထိုအခြင်းအရာကို ငါအောက်မေ့၍ နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည် လူစုများနှင့် ပေါင်းဖော်လျက်၊ ရွှင်လန်းခြင်းအသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံသောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညင်းစွာ သွားလှလေပြီ။
ထိုသို့ မိမိအသက်ကို သေခြင်း၌သွန်း၍၊ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်သဖြင့်၊ လူများတို့၏အပြစ်ကို ဆောင်ရွက်၍၊ မတရားသောသူတို့အဖို့ တောင်းပန်သောကြောင့်၊ လူကြီးတို့ကို သူ၏အဖို့ဖြစ်စေခြင်းငှာ ငါခွဲမည်။ အစွမ်းသတ္တိရှိသော သူတို့ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင် ဝေဖန်ရသောအခွင့် ရှိလိမ့်မည်။