ညအခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၍၊ ငါ့အကြောတို့သည် သက်သာခြင်း မရှိရကြ။
စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။
အဘယ်အခါမှ ညကုန်၍ ငါထရပါမည်နည်းဟု ငါသည် ညည်းတွားလျက် အိပ်ရ၏။ မိုးလင်းသည်တိုင်အောင် လှိမ့်လျက်လူးလျက် နေရ၏။
အကျွန်ုပ်ဘုရား၊ နေ့အခါ အကျွန်ုပ်အော်ဟစ်သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညအခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။
ငါ့အရိုးရှိသမျှတို့ကို ချိုးတော်မူသည်ဖြစ်၍၊ ငါသည် ခြင်္သေ့ဟောက်သကဲ့သို့ နံနက်တိုင်အောင် မြည်ရ၏။ တစ်နေ့ချင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
ဗျာဒိတ်တော်သံကို ငါကြားသောအခါ ရင်၌ လှုပ်ရှားခြင်း၊ မေးခိုင်ခြင်း၊ အရိုးဆွေးမြေ့ခြင်း၊ တစ်ကိုယ်လုံး တုန်လှုပ်ခြင်းရှိ၏။ အကြောင်းမူကား၊ အမှုရောက်သောနေ့၊ လုပ်ကြံသောသူသည် ငါ၏လူမျိုးကို တိုက်လာသော နေ့တိုင်အောင် ငါသည် နေရစ်ရမည်။